"ဗျာ!!!!!!!!!! ဒီကကိုကိုကြီးကမြို့....မြို့....မြို့အုပ်မင်း တကယ်ကြီးပြောနေတာလား"
ဇင်ဦးညိုသည်သူရဲ့မူပိုင်မျက်ဝန်းဝိုင်းကြီးတေနဲ့ဓိပ္ပဦးကိုအံ့သြတကြီးကြည့်နေလေတော့သည်။
"ဒီမှာကောင်လေး ငါကမင်းကိုမဟုတ်ပဲပြောစရာလား အခုမင်းရောက်နေတာကငါ့အဖွားဒေါ်စိန်လှရဲ့အိမ်လေ"
"ဒါ....ဒါဆိုကျနော်ရောက်နေတာက ရွာလယ်ပိုင်းကသူဌေးမကြီးဒေါ်စိန်လှအိမ်ပြီးတော့ ကိုကိုကြီးကလည်းဟိုမြို့ကြီးကရောက်လာတဲ့ေဒါ်စိန်လှရဲ့မြေးမြို့အုပ်မင်းလေးဆိုတာေပါ့ေနာ်"
"ဟုတ်တယ်အမှန်ပဲ"
"ကျနော်ကိုကိုကြီးကိုမြို့အုပ်မင်းဖြစ်မယ်မှန်းလုံးဝကိုမထင်ဘူးဗျ။ကျနော်ထင်တာလေမြို့အုပ်မင်းဆိုေတာ့လည်ပင်းမှာအဝတ်စကြီးပတ်ပြီးတော့ခါးမှာလဲခါးပတ်ထူ"နဲ့ရှူးဖိနပ်ပြောင်"ကြီးစီးထားမယ်ထင်နေတာ။စျေးကြီးတဲ့အသုံးအဆိုင်တေ၊ဘေးမှာလည်းတပည့်တပန်းတေအများကြီးပါမယ်ထင်နေတာဗျ"
ဇင်ဦးညိုလေးရဲ့အပြောကြောင့်ဓိပ္ပတစ်ယောက်ခွီကနဲအသံထွက်အောင်ရီမိသွားတော့သည်။
"မင်းနှယ့်ပြောလည်းပြောတတ်တယ်"
ဓိပ္ပတစ်ယောက်ဒီနေ့တစ်နေ့ထဲနဲ့တင်ဇင်ဦးညိုလေးကြောင့် ဘယ်နှစ်ကြိမ်မြောက်ပြုံးမိသွားလဲတောင်သတိထားမိတော့မယ်မထင်။ထိုအပြုံးလေးတေကိုစက္ကန့်မလပ်ငေးကြည့်နေသူတစ်ဦးလဲရှိနေလေသည်။ထိုသူမှာအခြားသူမဟုတ်ဇင်ဦးညိုသာဖြစ်သည်။
"ဟိုမြို့အုပ်မင်းကိုကိုကြီးကျနော်ပြန်တော့မယ်နော် ညလည်းရောက်နေပြီဆိုတော့လေအမေကလည်းအိမ်မှာတစ်ေယာက်ထဲမို့လို့ပါ။"
"ခဏ ကိုယ်လိုက်ပို့ပေးမယ်"
"ရပါတယ်မြို့အုပ်မင်းကိုကိုကြီးရဲ့ကျနော့်ဘာသာကျနော်ပဲပြန်လိုက်ပါ့မယ် သွားနေကျလမ်းပဲဆိုတော့လေ"
"ဟုတ်ပြီအဲ့တာဆိုလည်းဂရုစိုက်သွားေကာင်လေး"
"ဟုတ်ကဲ့အဲ့တာဆိုကျနော့်ကိုခွင့်ပြုပါအုံး"
ဓိပ္ပခေါင်းငြိမ့်ပြီးဇင်ဦးညိုပြောသည်ကိုအသိအမှတ်ပြုလိုက်လေသည်။
YOU ARE READING
မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)
Romanceမြို့အုပ်မင်းဓိပ္ပလင်းမောင် seme သက်လွင် seme ဇင်ဦးညို uke