"ဒီမှာ....ဟိုကျောင်းသား မနိုးသေးဘူးလား!!!!"ရဝေမှာမူထိုသို့သော်နိုးဆော်သံနဲ့ထရသည်မှာ၁လကျော်ပင်ရှိနေပြီဖြစ်သည်။
"ဟင်...နိုးပြီးနိုးပြီ"
"မင်းတို့တေဝိရိယကိုမရှိကြတာပဲ။အခုမျက်နှာသစ်ပြီးရေသွားချိုးသွားပြီးရင်မေန့ကသင်ထားတဲ့စာေတငါမင်းကိုပြန်မေးမယ်"
"ဗျာ!!!!!"ဓိပ္ပ၏အသံမှာရဝေ့အတွက်တော့ဆိုးဝါးလွန်းသည့်အသံဆိုးကြီးသာဖြစ်လေသည်။မိမိနှင့်တစ်ခန်းထဲနေသည့်နေ့မှစ၍မနက်ဆိုလျှင်အစောကြီးနိုးတတ်ပြီး အတန်းထဲတွင်သူသင်လိုက်သည့်စာများကိုလည်း နေ့စဉ်ပြန်လည်စစ်မေးလေ့ရှိသည်။
ရဝေရေချိုးပြီးအဝတ်အစားလဲပြီးသည့်နောက်ဓိပ္ပမေးမည့်စာများကိုပြန်လည်ကျက်မှတ်နေလေသည်။စာကျက်နေရင်းဖြင့်
"အားးးးးငါဘာအပြစ်တေများရှိလို့လဲလို့။ဒီစာတေဒီစာတေပဲကျက်နေရတယ် မခံစားနိုင်တော့ဘူးဗြဲ!!!!!!!!!"
"အဘရေသားကိုပြန်လာခေါ်ပါတော့ဗြဲ!!!!!!!"
ဓိပ္ပတစ်ယောက်အခန်းထဲသို့ပြန်ဝင်လာသောအခါစာအုပ်ကြီးကြည့်၍ရှိုက်ကြီးတငင်ငိုနေသောရဝေ့ကိုတွေ့လိုက်ရ၏။
"ဟိတ် ဟိုကျောင်းသား ဘာဖြစ်နေတာလဲ"
"ဘာဖြစ်နေလဲခင်ဗျားမသိဘူးလား ခင်ဗျားကကျုပ်ကိုစာတေချည်းလှိမ့်လုပ်ခိုင်းနေတာ ကျုပ်ကပျော်နေရမှာလား ဗြဲ!!!!"
"ဟာ.....ဒီကောင်လေးတိတ်တိတ်"
"မင်းဟာကကလေးလည်းမဟုတ်ဘူးကွာ။မငိုနဲ့တိတ်ေတာ့။ဒီနေ့အနားပေးမယ်ဟုတ်ပြီလား"ဓိပ္ပမှာပြောရင်းဖြင့်လက်မှာလည်းရဝေ့၏ခေါင်းပေါ်သို့ရောက်လာပြီးခပ်ဖွဖွပုတ်ပေးနေလေသည်။ရဝေဓိပ္ပကိုေမာ့ကြည့်မိလိုက်သည်။ဓိပ္ပ၏ပုံစံမှာကလေးတစ်ယောက်ကိုချော့မြူနေသလိုပင်နှုတ်ခမ်းပါးပါးမှာလည်းပြုံးရိပ်သန်းနေသည်။
"ဟင်"ရဝေတစ်ယောက်မိမိ၏ဘယ်ဘက်တစ်နေရာမှအကောင်ပေါက်၏မသင်္ကာဖွယ်လှုပ်ရှားမှုကိုသတိပြုမိလိုက်သည်။သေချာပါသည်ဒီနေ့ဟာရဝေ့အတွက်တော့အတွေးများမည့်နေ့တစ်နေ့ပင်တည်း။
YOU ARE READING
မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)
Romanceမြို့အုပ်မင်းဓိပ္ပလင်းမောင် seme သက်လွင် seme ဇင်ဦးညို uke