မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(အပိုင်း၁၀)

63 5 0
                                    

Past Time.....

"အာ့ မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ်ကွာ"ကလေးတစ်ယောက်အားတခြားကလေး၃ယောက်မှဝိုင်း၍ကန်ကြောက်နေကြသည့်မြင်ကွင်း

"မင်းလက်ထဲကအရုပ်ကိုပေး"

"ဒါငါ့ဖေကြီးလုပ်ပေးထားတဲ့အရုပ်လေးမို့လို့ပါကွာ"

"ကျစ် ဒီကောင်လွှတ်ကိုအကြောရှည်နေတာပဲ"

"အဲ့လောက်ဖြစ်နေတဲ့ကောင်ဝိုင်းထိုးကြကွာ"

"ခွပ်ခွပ်ခွပ်!!!!"

"ဟိတ်ကောင်တေရပ်လိုက်ကြစမ်း"

"ဘယ်သူတုန်းမင်းက"

"မင်းအဖေလေ"

"ဘာ!!!အဲ့ကောင်ကိုထိုးကြကွာ"ရန်ပွဲမှာသုံးယောက်တစ်ယောက်ဖြစ်သော်လည်းရွာေဇာ်လေးသက်လွင်ကိုတော့မယှဥ်နိုင်ကြချေ။

"ခွပ်ခွပ်ခွပ်!!!!!!"

ရွာထဲမှကလေး၃ယောက်မှာမူသက်လွင်လက်ချက်ဖြင့်ဖူးယောင်နေပြီဖြစ်သည်။

"မင်းကိုငါ့မေကြီးနဲ့တောင်ပြောမယ် ဗြဲ!!!!!!!!!"

"တိုင်ပေါ့ ဘာဂရုစိုက်ကမှာလဲ"

"အော်မင်းအမေကိုတိုင်ရင်ထည့်ပြောလိုက်အုံးနော်ရွာတောင်ပိုင်းကဦးစံလှရဲ့သားသက်လွင်လုပ်လိုက်တာလို့"အဖေရဲ့နာမည်နဲ့ဖြဲခြောက်နေတဲ့အဆိုးလေးသက်လွင်ရယ်ပါလေ။

"အဲ့......အဲ့တာ ငါ့အဖေရဲ့အလုပ်ရှင်ကွ ဟုတ်ဟုတ်ငါ့မိဘတေလည်းအဲ့လူကြီးဆီမှာအလုပ်လုပ်တာ"

"သွားတိုင်လေသွား ဘာလာကြည့်နေတာလဲ ငါဖြတ်ကန်လိုက်ရသွားကြ!!!!"

ကလေး၃ယောက်မှာမူကြောက်လန့်တကြားဖြင့်ထပြေးကြသည်မှာဖိနပ်ပင်မပါကြချေ။

"ဟိတ် ဟိုကလေးလေးမင်းကကောဘာထိုင်လုပ်နေတာလဲ"

"ငါရိုက်မှာမကြောက်ဖူးလား"

"မကြောက်ပါဘူး မင်းကငါ့ကိုကယ်ထားတာပဲဟာ"

"ပြစမ်းမင်းမျက်နှာ"သက််လွင် ကလေး၏မျက်နှာကိုကြည့်လိုက်ရာဖူးယောင်နေအောင်အထိုးခံထားရလေသည်။

"ကျစ် မင်းလက်မပါဘူးလား ပြန်မလုပ်တတ်ဘူးလားဟမ်"

"ဘာမှပြန်မလုပ်တတ်ရင်တစ်ယောက်ထဲဇော်မလုပ်နဲ့လေ မင်းသူငယ်ချင်းတေကောမပါဘူးလား"

မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)Where stories live. Discover now