"ရဝေငါတို့သက်လွင်တို့ဆီဆက်လိုက်လို့ဖြစ်ပါ့မလားဟ"
"သူတို့နှစ်ယောက်ထဲခဏလောက်အချိန်ပေးသင့်တယ်ထင်တယ်"
"ဟုတ်တယ်ရဝေအကိုတို့ခဏလောက်ရှောင်ပေးလိုက်ရအောင်"
"အင်း..."
"ဒါဆိုလည်းကျနော်တို့ပြန်ကြတာပေါ့"
သက်လွင်မှာတော့ညို့ကိုလက်ဆွဲ၍ခေါ်လာသည်မှာညို့၏အိမ်အထိပင်ရောက်လုနီးနေပြီဖြစ်သည်။
"သက်လွင်...ငါ...ငါလက်နာနေပြီ"ညို့ပုံကေလးမှာမျက်ရည်ကလေးဝိုင်း၍သနားချင့်စဖွယ်ကောင်းလှ၏။သက်လွင်လည်းညို့အသံကြားမှသာအသိပြန်ဝင်လာတော့သည်။ထို့နောက်ခြေလှမ်းများလည်းရပ်တန့်သွားပြီးညို့၏လက်ကလေးကိုအသာအယာလွှတ်ပေးလိုက်၏။
"မောင်ဝောာင်းပန်ပါတယ် သက်လှယ်"
"သက်လှယ်ကိုမောင့်ဘေးမှာပဲခေါ်ထားခဲ့သင့်တာ"
"အခုေတာ့မောင့်ကြောင့်နဲ့...."သက်လွင်မှာမူဝမ်းနည်းနေသည့်ပုံ
"သက်လွင်...မင်း...ငါ့ကိုမမေးတော့ဘူးလား"
"ဘာကိုလဲသက်လှယ်"
"ငုဝါကိုငါဆောင့်တွန်းလိုက်တဲ့ကိစ္စလေ"
"မောင်...မောင့်သက်လှယ်ကိုယုံတယ်"
ညိုသက်လက်လွင်ငေးကြည့်ေနမိသည်။ညို့ကိုယံုသည်ဟူေသာသက်လွင်၏စကားေကြာင့်ညိုေပျာ်မိသည်။ထို့ပြင်သက်လွင်သည်ညို့အတွက်မူညီအကိုလိုတစ်မျိုးသူငယ်ချင်းလိုတစ်သွယ်ကာကွယ်ေစာင့်ေရှာက်ေပးေသာညို့၏အားကိုးရာပင်ဖြစ်၏။ထိုသို့သောသူမျိုးကို ညိုကြောင့်နှင့်အခက်မတွေ့စေချင်ပါ။
ညိုသည်အမဲစက်များစွာရှိနေသည့်ခပ်ညံ့ညံ့လူတစ်ေယာက်ဖြစ်သဖြင့်..…သက်လွင်သာ...ညိုနှင့်ဆက်၍ပတ်သတ်ေနခဲ့မည်ဆိုလျှင် ညို့၏အမဲစက်များသည်သက်လွင်ကိုပါစွန်းထင်းသွားစေနိုင်သည်။ထို့ကြောင့်သက်လွင်ကိုညို့ဘေးမှဖယ်ထုတ်ပစ်ရန်လိုအပ်သည်။
'ညို....သက်လွင်ကိုမနှင်ချင်ပါသော်လည်းနှင်ရအုံးမည်ပင်။'
"သက်လွင်..မင်းငါနဲ့မပတ်သတ်ပါနဲ့တော့လားဟင်"
YOU ARE READING
မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)
Romanceမြို့အုပ်မင်းဓိပ္ပလင်းမောင် seme သက်လွင် seme ဇင်ဦးညို uke