မြနွယ်တစ်ယောက်အငြိမ့်ပွဲကြည့်ရန်အတွက်လှည်းေပါ်တွင်ယူ၍ရေဝနှင့်ညိုတို့ကိုထိုင်စောင့်ေနပြီးေကျာ်ဝင်းမှာလည်းသူ့ရဲ့အသဲအသက်လေးအလိုကျပွဲဈေးတန်းအတွင်းရောင်းသမျှမုန့်များကိုလိုက်လံဝယ်ယူပြီးပွဲခင်းထဲသို့ပြန်ရောက်လာပြီဖြစ်လေသည်။
"အကိုတောင်ပြန်ရောက်ပြီ...ဟိုလေးယောက်ကအခုထိရောက်မလာသေးဘူး"မြနွယ်မှာမူနှုတ်ခမ်းလေးဆူ၍တစ်ယောက်ထဲခပ်ကြိတ်ကြိတ်ပြောနေလေသည်။ထိုအမူအယာလေးကြည့်နေတဲ့ကျော်ဝင်းကတော့အသည်းတယားယားနဲ့ပေါ့။
"မြနွယ်!!!!"
"ဟော...ဟိုမှာရဝေတို့ရောက်လာပြီကလေးမ"
"အမလေး...လာကြလာကြ...နင်တို့ကိုစောင့်နေရတာ..သေသွားတဲ့ငါ့အဖွားတောင်ပြန်ရှင်လာတော့မယ်"ရဝေနှင့်ညိုတို့ရောက်လျှင်ရောက်ခြင်းပင်မြနွယ်၏ဆူပူခြင်းကိုခံရတော့သည်။
"ကဲ...ပြောကြပါအုံး...နင်တို့ကငါ့ထက်အရင်ထွက်သွားတာလေ....အဲ့ဒါကိုဘာတေလုပ်နေလို့ပွဲခင်းထဲကိုေစာေစာေရာက်မလာရတာတုန်း"
"အဲ့ဒါ...ဟို...အကိုနဲ့ဘုရားဝင်နေတာလေ"
"ငါတို့လည်းဘုရားဝင်ပါတယ်နော်...ဒီလောက်ထိကြာနေပုံထောက်...ဘာလဲကိုဓိပ္ပကိုလူပျိုစကားများပြောနေတာလားဟမ်.."
"မြနွယ်မ...နင်လွှတ်ကိုရှည်တာပဲ"
"ဘာလဲမဟုတ်လို့လား..."
"နင်တို့နှစ်ေယာက်ကလဲ...မချစ်ကြပေလို့ပဲနော်...ရဝေဆိုတာလည်းကိုဓိပ္ပကိုလက်ဆွဲပြီးထွက်သွားတာေတာ်ေတာ်နဲ့ပေါ်မလာဘူး အညိုတစ်ယောက်လည်းကြက်ပျောက်ငှက်ပျောက်ပဲ"
"ဟာ...မြနွယ်မ...နင်နော်!!!"
"ဘာဖြစ်လဲ...ဘာဖြစ်လဲ...မြနွယ်တို့ကမှန်တာကိုပြောတာပါနော်"
ကျော်ဝင်းနှင့်ဓိပ္ပမှာတော့သူတို့ရဲ့အိမ်သူအစွာလေးနှစ်ယောက်ကိုကြည့်၍ပြုံးနေမိသည်။"ဒါနဲ့အညို..နင်ငြိမ်လှချည်လားဟ...ဘာဖြစ်နေတာလဲ"မြနွယ်၏အမေးကြောင့်ရဝေတို့ပါညို့ဆီကိုအကြည့်ရောက်လာကြ၏။
YOU ARE READING
မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)
Romanceမြို့အုပ်မင်းဓိပ္ပလင်းမောင် seme သက်လွင် seme ဇင်ဦးညို uke