မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(အပိုင်း၆)

69 5 0
                                    

အချိန်တေတရွေ့ရွေ့ကုန်ဆုံးလာသည်၍အမျှမြို့အုပ်မင်းနဲ့ဇင်ဦးညိုတို့ရဲ့ရင်းနှီးမှုကလာတစ်ရစ်ရစ်တိုးပွားလာလေတော့သည်။ထို့ပြင်ဇင်ဦးညိုသည်လည်းမြို့အုပ်မင်းပေါ်တွင်ထားရှိသောမိမိ၏မရိုးဖြောင့်သောစိတ်အစဥ်ကိုသတိထားမိစပြုလာပြီဖြစ်သည်။

"ကိုကိုကြီး ဒါညိုတို့နောက်ဆုံးစာသင်ရမယ့်နေ့မလားဟင်"

"ဟုတ်တယ်လေကောင်လေး"

'ဒီကလေးနှယ်ဘာတေများအတွေးလွန်ပြီးဝမ်းနည်းနေပြန်ပြီလဲမသိဘူး'
ဒီလပိုင်းအတွင်းဇင်းဦးညို၏အမူအကျင့်အများစုကိုဓိပ္ပသတိထားမိလာသည်။ဥပမာပြောရရင်အခုလိုမေးခွန်းတစ်ခုမေးပြီးဘာမှထပ်မပြောပဲတိတ်ဆိတ်နေတာမျိုးပေါ့။ထို့ပြင်အားငယ်စိတ်သိမ်ငယ်စိတ်များေသာကလေးတစ်ယောက်ဖြစ်ကြောင်းကိုလည်းသိရှိလာရသည်။နောက်ထက်သတိထားမိတာတစ်ခုကတော့သူ့ကိုယ်သူ'ညို'ဟူ၍ေပြာင်းလဲသုံးနှုန်းလာခြင်းပင်။

"အလှူပြီးရင်ကိုကိုကြီးတို့နေတဲ့မြို့ပြကြီးကိုပြန်တော့မှာေပါ့နော်" ခပ်ဝိုင်းဝိုင်းမျက်ဝန်းတစ်စုံဟာအရည်ကြည်တို့ဖြင့်ပြည့်နှက်နေပြီဖြစ်သည်။

"ကောင်လေးဘာအကြောင်းကြောင့်များငိုရသလဲ။ကိုယ်ကဒီကိုထပ်လာလို့ရတာပဲလေဟုတ်တယ်မလား။"

ထို့သို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက်ဇင်ဦးညိုတစ်ယောက်ဓိပ္ပကိုမျှော်လင့်ချက်ကြီးစွာဖြင့်မော့ကြည့်လိုက်တော့သည်။

"ကိုယ်စောနိုင်သမျှစောအောင်ပြန်လာခဲ့မယ်ဟုတ်ပလား"

"ဒီမှာ၁လလောက်ထပ်ပြီးနေလို့မရ‌ေတာ့ဘူးလားဟင်ကိုကိုကြီး"

"အခုလာတာေတာင်ကိုယ့်ရဲ့အလုပ်တေအကုန်လုံးကိုကိုယ့်လက်အောက်ကကောင်လေးနဲ့လွှဲထားခဲ့ရတာေလ။နောက်ပြီးကိုယ်ကမြို့အုပ်တစ်ယောက်ဆိုတာမေ့နေရော့လားကောင်လေး။ဟိုမှာကကိုယ်မရှိလို့မဖြစ်ဘူးလေ"

"နားလည်သလား"

ဇင်ဦးညိုလေးကိုကလေးတစ်ယောက်သဖွယ်ချော့မြူပြောဆိုနေသောဓိပ္ပရယ်ပါလေ။မြို့ပြတွင်ကျန်ခဲ့သောဓိပ္ပ၏မိဘများနဲ့လက်အောက်မှတပည့်များသာမြို့အုပ်မင်း၏ထိုကဲ့သို့သောစိတ်ရှည်လက်ရှည်ချော့မြူပြောဆိုနေသည်ကိုမြင်လျှင်သွေးတတ်ကြပေလိမ့်မည်မှာအမှန်ပင်။မြို့အုပ်မင်းဓိပ္ပလင်းမောင်ဆိုသူသည်စိတ်မြန်လက်မြန်ရှိပြီးဒေါသကြီးသူတစ်ဦးလည်းဖြစ်၏။သို့သော်စည်းစနစ်ကျလွန်းသည်သာမကသမာသမတ်ကျသောသူတစ်ဦးလည်းဖြစ်တာကြောင့်မြို့အုပ်မင်းကိုလေးစားချစ်ခင်သူလည်းများ၏။

မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)Where stories live. Discover now