မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(အပိုင်း၁၉)

42 4 0
                                    

ယနေ့တွင်တော့စာသင်ကျောင်းပြန်လည်ပြုပြင်ဆောက်လုပ်ရေးနှင့်အ‌ေဆာင်များတိုးချဲ့‌ေဆာက်လုပ်‌ေရးအတွက်ဘဘုန်း၏ခိုင်းစေမှုကြောင့်ရွာ‌ေတာင်ပိုင်း၏‌ေမြကွက်လပ်တစ်‌ေနရာတွင်ရွာမှကာလသားများစုဝေးရောက်ရှိနေကြသည်။ကျောင်းများလည်းပြန်ဖွင့်ရန်အချိန်နီးနေပြီမို့၁လအတွင်းအပြီးဆောက်လုပ်ကြရန်ဘဘုန်းမှဆော်‌ဩထား‌ေလသည်။

ဘဘုန်း၏အမိန့်ဖြစ်သဖြင့်မြို့အုပ်မင်းတို့ပါကျန်ရွာမှကာလသားတိုင်းအားလုံးလုပ်အားပေးကြရမည်ဖြစ်သည်။ရွာမှလုံမငယ်လေးများကတော့စားသောက်ရေအတွက်တာဝန်ယူကြရလေသည်။ထို့ကြောင့်ဓိပ္ပ၊ရဝေ၊သက်လွင်၊ကျော်ဝင်းနှင့်ဇင်ဦးညိုတို့လည်းလုပ်အားပေးရန်ရောက်ရှိနေကြပြီဖြစ်သည်။မြနွယ်ကမူ‌ေန့လယ်မှာသာကာလသားများအတွက်ထမင်းဟင်းများနှင့်‌ေသာက်စရာအ‌ေအးများလာပို့မည့်လုံမပျိုအဖွဲ့ဖြင့်အတူလိုက်လာမည်ဖြစ်သည်။

"အကို...အကို...."ရဝေ၏ခေါ်သံကိုဓိပ္ပတစ်ယောက်လစ်လျူရှုထားလေသည်။

"ဒီမှာဟိုလူကြီး!!!!ခေါ်နေတာမကြားဖူးလား"

"ဘာလဲကွာ!!!မင်းခဏလောက်တိတ်တိတ်လေးမနေနိုင်ဘူးလားဟမ်"

"ညိုလေး...မင်းကိုကိုကြီးကိုကြည့်ပါအုံး...ငါ့ကိုပဲလှိမ့်ဆူနေတော့တာပဲ"ရဝေသည်ညို့ကိုစစ်ကူလှမ်းတောင်းသည့်နှယ်မျက်လုံးလေးကလှယ်ကလှယ်ဖြင့်လုပ်ပြနေလေသည်။ညိုမှာတော့ဘာမှမပြောပဲရီသာရီနေလေသည်။

ယခုနောက်ပိုင်းတွင်‌ေတာ့ရဝေ၊မြနွယ်နှင်ညိုတို့သည်အတော်ကိုအဖွဲ့ကျနေပြီဖြစ်သည်။အစပိုင်းတွင်း‌ေတာ့ညိုမှာ‌ေကြာက်ရွံ့သလိုရှိ‌ေပမယ့်၄လ‌ေလာက်အကြာတွင်‌ေတာ့ညိုတို့သံုး‌ေယာက်သည်သူငယ်ချင်းအရင်းများကဲ့သို့ပင်ဖြစ်‌ေန‌ေချပြီဖြစ်သည်။ထို့ပြင်သုံးယောက်ပေါင်းလောင်းကျော်နေကြသည်မှာလည်းသူတို့၏ဆိုင်ရာပိုင်ရာများအသိပင်။

"ရော့ဟိုလူကြီး"ရဝေသည်ဓိပ္ပအတွက်ပေါက်တူးယူလာပေးခြင်းပင်။ယနေ့တွင်တော့ကွင်းပြင်ထဲမှမြက်ရိုင်းများကိုအရင်ဦးဆုံးရှင်းလင်းရမည်ဖြစ်သည်။

မြတ်နိုးခြင်းနဲ့ဖွဲ့သီပါ့မယ်မောင့်သက်လှယ်(ongoing)Where stories live. Discover now