🌼ချစ်သောဦး🌼(Unicode)
(အခန်း၃)
သူရောက်သွားချိန်တွင်နုနယ်ကခေါင်မိုးအစွန်တွင်ပင်ရောက်နေချေပြီ။
"နုနယ် မလုပ်နဲ့..."
သူအော်လိုက်တော့နုနယ်ကမျက်ဝန်းများမှိတ်ထားရာမှဖွင့်၍အပေါ်မှသူ့ကိုလှမ်းကြည့်လာ၏
"နုနယ်မလုပ်နဲ့နော်!!..မလုပ်ရဘူး"
သူ့အသံကိုနုနယ်ကြားမည်ထင်ပါသည်။နုနယ်ကမျက်ရည်များဖြင့်သူ့ကိုတစ်ချက်စိုက်ကြည့်၍မျက်ဝန်းများကိုမှိတ်ကာ ရုတ်တရက်ခုန်ချလိုက်လေတော့သည်။
"ဟင် နုနယ်.."
အပေါ်မှပြုတ်ကျလာသည့်နုနယ်ကြောင့်သူအပါအဝင်အားလုံးဟာအထိပ်တလန့်ဖြစ်ကုန်ကြသည်။နုနယ်ဒီလောက်ထိလုပ်မယ်ဟုသူမထင်ခဲ့ပေ။
"နုနယ်...နုနယ် လုပ်ကြပါဦးနုနယ်ကိုခေါ်လို့မရတော့ဘူး"
သွေးအိုင်ထဲတွင်လဲကျနေသည့်နုနယ်အားသူကမန်းကတန်းကောက်ပွေ့ကာ သွေးရူးသွေးတန်းဖြင့်အော်၍အကူညီတောင်းနေမိသည်။
"ဖယ်ကြ..ဆရာမတွေလာပြီ.."
လူအုပ်ကြီးဝိုင်းကြည့်နေရာမှဆရာမများရောက်လာ၍လမ်းရှင်းပေးကြကာ ရံ့လက်ထဲမှနုနယ်ကို လွှဲယူသွားကြသည်။
"နုနယ် ငါတောင်းပန်ပါတယ် နုနယ်"
ရံနှုတ်မှတီးတိုးရေရွတ်၍ အပြစ်ရှိသူတစ်ယောက်ပမာမလုံမလဲဖြစ်နေတော့သည်။နုနယ်အခုလိုခုန်ချသွားတာဟာသူ့ကြောင့်..နုနယ်အခုလောက်ထိဖြစ်သွားရတာသူ့ရဲ့တစ်ကိုယ်ကောင်းဆန်မှု့ကြောင့်ပင်။သူသာမနာလိုမဖြစ်ခဲ့ရင် သူသာပထမနေရာမလိုချင်ခဲ့ရင် နုနယ်အခုလိုဖြစ်မည်မဟုတ်။သူနုနယ်ကိုတစ်ခါလေးတောင်မမုန်းခဲ့ဖူးပါ ပထမနေရာမရခဲ့၍မိန်းမလိုမိန်းမရစိတ်ဖြင့်မနာလိုဖြစ်ခဲ့ရုံသာ သူဟာနုနယ်ကိုစိတ်ရင်းနဲ့ခင်မင်ခဲ့ပါသည်။
သူဘယ်ကဘယ်လိုပင်ဆေးရုံရောက်ခဲ့သည်ကိုမသိတော့ပေ။သူသတိကပ်သည့်အချိန်မှာတော့ နုနယ်ဟာခွဲခန်းထဲပင်ရောက်နေချေပြီ။
>>>>
"ဆေးရုံအုပ်ကြီး ပြဿနာတက်ပါပြီ"
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"