🌼ချစ်သောဦး🌼(Unicode)
(အခန်း၁၂)
"နုနယ်ရယ် ခြေထောက်ကဒီလောက်ထိများတာ ဘယ်လိုများဖြစ်သွားရတာလဲ..."
ရံက စိုးရိမ်သည့်အသံဖြင့်ပြောရင်း နုနယ်ခြေထောက်ကိုဂရုတစိုက်သန့်စင်ပေး၍ ဆေးထည့်ပေးနေလေသည်။
"တအားနာနေလားဟင်နုနယ်...."
"ဟင့်အင်း သိပ်မနာပါဘူး"
နုနယ်ရဲ့အသံများဟာတုန်ယင်နေကာ ဝမ်းနည်းနေမိသည်။
"မနာပါဘူးဆိုပြီးမညာပါနဲ့နုနယ်ရယ်..."
ရံက ဆေးထည့်ပေးရင်းဖြင့် နုနယ်ရဲ့ မျက်ရည်များကိုသုတ်ပေးလိုက်သည်။ထိုအခါမှ နုနယ်မျက်ရည်များ စီးကျနေသည်ကို သတိထားမိလိုက်သည်။
"အရမ်းနာနေလားဟင်နုနယ်"
နုနယ်ခေါင်းကိုခါယမ်းပြ၍ မျက်ရည်များကိုလက်ခုံဖြင့်သုတ်လိုက်ပေမယ့် အဆက်မပြက်ပင် စီးကျလာသည့်မျက်ရည်များကြောင့် ပါးပြင်တစ်ခုလုံးဟာ ရွှဲစိုသွားရသည်။
"နုနယ် အမှန်တိုင်းပြော နင်ဒီဒဏ်ရာကနင့်ဘာသာ ခိုင်းမိတာမဟုတ်ဘူးမို့လား..."
"ဟင့်အင်း မဟုတ် မဟုတ်ပါဘူးရံ ငါ့ဘာသာ"
နုနယ်ကအတင်းငြင်း၍ခေါင်းကိုငုံ့သွားလေသည်။ရံ ဆေးကိုအပြီးသတ်ထည့်ပေးလိုက်ပြီး နုနယ်ကိုပွေ့ချီလိုက်တော့သည်။
"အခန်းထဲထိလိုက်ပို့မယ်..."
ခပ်တိုးတိုးပြောလိုက်ရင်း နုနယ်ကို သူ့အခန်းဆီ ပွေ့ချီခေါ်လာခဲ့သည်။ကုတင်လေးပေါ်သို့ နုနယ်ကိုယ်လေးကို အသာချပေးလိုက်ရင်း နုနယ်ရဲ့ ရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ကာ နုနယ်လက်လေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"နင်တစ်ခုခုဖြစ်နေတယ်မဟုတ်လားနုနယ် ငါမရှိတဲ့အချိန် နင်ဘာတွေဖြစ်ခဲ့တာလဲ ငါခုနကတည်းက နင့်မျက်နှာပျက်နေတာကို သတိထားမိတယ် ပြော နင်ဘာဖြစ်တာလဲ"
ရံကထိုသို့မေးလိုက်တော့ နုနယ်ပို၍ငိုချင်သွားမိသည်။
"ငါ့ကိုအကြောင်းစုံပြောပြလို့ရတယ်နုနယ် နင်ခံစားရသမျှ နင်ဝမ်းနည်းရသမျှ ငါ့ကိုရင်ဖွင့်လို့ရတယ် ငါအကုန်နားထောင်ပေးမယ် နင်ဖြစ်နေတာမှန်သမျှ ငါ့ကိုပြော..."
YOU ARE READING
"ချစ်သောဦး"
Roman d'amour"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"