🌼ချစ်သောဦး🌼(Unicode)
(အခန်း၁၆)
ညကအတော်လေးမှောင်နေသည်မို့ နက္ခကားကို သေချာလေး ဂရုစိုက်၍မောင်းနှင်နေလိုက်သည်။
ရံ့ကိုရှာရန်ထွက်လာသည်ဆိုပေမယ့် ရံဘယ်ကိုသွားသည်ဆိုတာ သေချာမသိရသည်မို့ ဒီတိုင်းပင် ကားကိုသာခပ်ဖြည်းဖြည်းမောင်းရင်း ဘေးဘီဝဲရာကို သေချာကြည့်နေရသည်။"ဟင် အဲတာအငယ်ကောင့်ကားပဲ"
ခပ်လှမ်းလှမ်းလမ်းတစ်ဖက်မှ ရံ့ကားကို မြင်လိုက်ရသည်မို့ နက္ခ ကားကိုဘေးသို့ထိုးရပ်၍ ကြည့်လိုက်သည်။
ဟင်!!...
ရံ့ကားအနောက်မှ အရှိန်ဖြင့် အတင်းမောင်းလာသည့် ကားတစ်စီးကိုပါတွေ့လိုက်ရလေသည်။နက္ခသေချာကြည့်လိုက်သည့်အခါ ကားက ဆူးခတ္တာကားဖြစ်နေသည်မို့ သေချာကြည့်နေလိုက်သည်။
သိပ်၍မူမမှန်သည်မို့ နက္ခ ကားစက်ကိုနှိုး၍ တစ်ဖက်လမ်းကြောသို့ကွေ့လိုက်သည်။"ဟင်...အငယ်ကောင်"
ဆူးခတ္တာရဲ့ကားက အရှိန်ပို၍များလာသည်မို့ နက္ခ သူတို့ကားနှစ်စီးကြားထဲသို့အမြန်ပင် အရှိန်တင်၍ ကန့်လန့်အနေထားဖြင့် ဝင်လိုက်တော့သည်။
တီ....ကျွီ....ဒုန်း...
ကြားထဲမှကန့်လန့်အနေထားဖြင့် တိုက်မိလိုက်သည်က နက္ခရဲ့ကားပင်။အရှိန်ပါသည်မို့ လူကအပြင်ဘက်အထိပင် လွင့်စင်သွားရသည်။ခါးပတ်ပတ်မထားမိတာလဲပါသည်မို့ လူက ကားမှန်ကွဲ၍ အပြင်သို့ လွင့်စင်သွားခြင်းပင်။ကားလမ်းမနှင့် ရိုက်ခတ်မိသည်ကြောင့် နက္ခရဲ့ ခေါင်းတစ်ခုလုံးဟာ ချာချာလည်မူးနောက်သွားရပြီးနောက်မှာတော့ သူ့အသိများဟာ ချက်ချင်းအမှောင်ဖုံးလွှမ်းသွားရတော့သည်။
"ဟင်!!...."
ရံ အနောက်မှကားတိုက်မှု့ကြောင့် ဘရိတ်ကိုအုပ်၍ ကားကိုရပ်ကာကြည့်လိုက်သည့်အခါ ကားက ကိုကြီးကားဖြင့်ဆင်နေသည်မို့ ကားပေါ်မှဆင်းလိုက်ကာအပြေးလျှောက်လာရင်းဖြင့် ကြည့်လိုက်သည်။
"ဟင် ကိုကြီး..."
ကားရဲ့အပြင်ဘက်မှာလွင့်စင်ကျနေသည့် ကိုကြီးကိုတွေ့လိုက်ရ၍ ရံ ထိပ်လန့်တုန်လှုပ်သွားမိသည်။
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"