🌼ချစ်သောဦး🌼{Unicode}
{အခန်း၄}
နာစ့်၏အမောတကောလာပြောသည့်စကားကြောင့်သူဂျူတီကုတ်ပင်ဝတ်ချိန်မရပဲ ခေါင်မိုးထိအလျှင်မြန်ပြေးတက်သွားမိသည်။
"ဟင်!!..မလုပ်နဲ့ ချာတိတ်"
သူခေါင်မိုးထက်ရောက်သွားချိန်တွင်ချာတိတ်မက အစွန်ထိပင်ရပ်ကာအောက်သို့ငုံ့ကြည့်နေသည်။
"မလုပ်နဲ့နော် မလုပ်ရဘူးချာတိတ် ကိုယ်မင်းကိုအသည်းသန်ကယ်ထားရတာလေ"
သူ့စကားကိုသူမကအရေးမလုပ်စွာဖြင့်ခေါင်းကိုခါယမ်းပြ၍ ခုန်ချရန်ပြင်နေပြန်သည်။
"မလုပ်ရဘူး ချာတိတ်"
လွှားခနဲခုန်ချသွားသည့်ချာတိတ်ကိုသူအမိအရလှမ်းဆွဲလိုက်သည်။ချာတိတ်ရဲ့လက်ကောက်ဝတ်ကိုအားဖြင့်ဆွဲချလိုက်ရာ နှစ်ဦးသားခေါင်မိုးဘက်သို့ပြုတ်ကျလာခဲ့သည်။
"ကျစ်!!..အား"
ဆစ်ခနဲနာသွားသည့်ခါးကိုဂရုမစိုက်အားပဲ ထထိုင်လိုက်ကာထိုချာတိတ်ကိုဒေါသတကြီးကြည့်လိုက်မိသည်။
"မင်းရူးနေလားကွဟမ် မင်းအသက်ကိုမင်းဒီလောက်ထိတောင်မနှမြောတတ်ဘူးလား တန်ဖိုးမထားတတ်ဘူးလား မင်း..."
သူအသည်းသန်ဆူလိုက်တော့ သူမကတစ်ကိုယ်လုံးတုန်ယင်ကာသူ့ခါးကိုတင်းတင်းဖက်လာ၏ သူ့ရင်ခွင်ထဲဝင်၍ ရှိုက်ကာရှိုက်ကာငိုလိုက်သည့်သူမကြောင့် သူဆက်မဆူနိုင်တော့ပဲ သူမကိုပြန်လည်ဖက်တွယ်ထားလိုက်မိရင်း ကျောပြင်လေးကိုပါပုတ်ပေးနေလိုက်သည်။
"ဘာမှမဖြစ်ဘူးနော် မင်းအဆင်ပြေသွားမှာပါ ဘာအခက်ခဲတွေပဲရှိရှိအခုလိုမျိုးအသက်ထိပါအဆုံးရှုံးခံဖို့မလိုဘူးလေ ဒါကြောင့်မို့ မင်းအသက်ကိုမင်းတန်ဖိုးထားနော်"
သူ့စကားများကိုသူမကမျက်ရည်အရွှဲသားဖြင့်ခေါင်းလေးမော့ကာကြည့်လာ၏ မျက်တောင်လေးပုတ်ခတ်ကာသူ့ကိုငေးကြည့်နေသည့်မျက်ဝန်းလေးများဟာ ဝိုင်းစက်၍မျက်ရည်စလေးများရွှဲစိုနေသည်။
"ကိုယ်ကမင်းအသက်ကိုရအောင်ကယ်ထားတာမို့ မင်းကိုလွယ်လွယ်နဲ့အခုလိုကိစ္စမျိုးလုပ်ခွင့်မပေးနိုင်ဘူးနော်!!..."
YOU ARE READING
"ချစ်သောဦး"
Roman d'amour"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"