🌼ချစ်သောဦး🌼(Unicode)
(အခန်း၅)
"မင်လက်ပေး.."
နုနယ်ကပြူးကြောင်ကြောင်လေးကြည့်နေမိတော့ ဦးကစိတ်မရှည်သည့်ပုံဖြင့် နုနယ်လက်ကို ဆက်ခနဲဆွဲယူလိုက်သည်။
စိုက်ဝင်နေသည့်ဖန်ကွဲစများကို တစ်ခုချင်းဖယ်ရှားပြီးသည်နှင့် အရက်ပြန်ဖြင့်လောင်းချလိုက်သည်။စပ်ဖြင်းဖြင်းဖြစ်သွားရသည်မို့ နုနယ်မျက်နှာလေးဟာ ရှုံ့မဲ့သွားရသည်။
"အပူလောင်တဲ့နေရာကို ဒီဆေးလေးလိမ်းထားလိုက် ရော့..."
ဦးကဆေးဗူးလေးကိုနုနယ်လက်ထဲထည့်ပေးကာ ဖန်ကွဲစရှထားသည့်လက်ကို ပတ်တီးဖြင့်သေချာစည်းပေးနေသည်။
"လမ်းသွားရင်သေချာဂရုစိုက်လေ အကယ်၍ မင်းမျက်နှာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
ဒေါသသံမပါပေမယ့် ဦးအသံဟာ တင်းမာပြက်သားလှသည်။ဒါကနုနယ်ကို ဆူလိုက်တာလား။
"နောက်တစ်ခါ သေချာသတိထားပြီးလျှောက် ကြားလား"
နုနယ် ဦးကိုကြည့်၍ခေါင်းညိတ်ပြလိုက်သည်။ပြန်ကြည့်လာသည့် ဦးအကြည့်များနဲ့မျက်လုံးချင်းဆုံမိသည့်အခါ ရင်ခုန်လာရပြန်သည်။
"ပြီးပြီလား..ပြီးပြီဆိုရင်လဲ လူကြီးတွေစောင့်နေတယ်"
အနားသို့ရောက်လာသည့်မမအသံကြောင့် နှစ်ဦးသားအကြည့်များကိုအမြန်လွှဲဖယ်လိုက်ရသည်။မမမျက်နှာက တင်းမာ၍ နုနယ်ကို ဒေါသဖြစ်စွာစိုက်ကြည့်နေလေသည်။နုနယ် အလန့်တကြားလေးခေါင်ငုံ့ကာ မမအကြည့်များကိုရင်မဆိုင်ရဲပေ။
ဦးကနုနယ်အနားမှထထွက်သွားသည်။မမက ဦးလက်ကိုလှမ်းချိတ်၍ အပြင်သို့အတူထွက်သွားကြသည်။နုနယ် အခန်းထဲမှ အပြင်သို့ အသာလေးချောင်းကြည့်နေမိသည်။
"လူကြီးတွေနဲ့လဲသေချာစကားပြောပြီးပြီဆိုတော့ လက်ထပ်မယ့်နေ့ကို သတ်မှတ်ကြမလား..."
"အင်း ခြောက်လလောက်တော့စောင့်စေချင်တယ် သူနဲ့ကသိတာကြာပြီဆိုပေမယ့် အနီးကပ်မနေဖူးတာမို့ တစ်ယောက်အကြောင်းတစ်ယောက်ကမသိသလိုပဲလေ"
YOU ARE READING
"ချစ်သောဦး"
Romantizm"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"