🌼ချစ်သောဦး🌼(Unicode)
(အခန်း၉)
ထိကပ်လာသည့်သူမ၏နှုတ်ခမ်းလေးများကြောင့် နက္ခ သူမကိုပိုမိုတင်းကျပ်စွာဖက်လိုက်ရင်းဖြင့် ပြန်လည်နမ်းရှိုက်လိုက်မိတော့သည်။
သူတို့နှစ်ဦးရင်ခုန်သံများနဲ့ အခန်းလေးဟာ ဆူညံနေတော့သည်။
"ဟင်!!.."
တစ်မိနစ်လောက်အကြာမှာတော့ ချာတိတ်က အသိဝင်လာရင်း သူ့ကိုအသာတွန်းကာ ဖယ်ရှားလိုက်လေသည်။
မျက်နှာလေးတစ်ခုလုံးဟာလဲ ရဲတွတ်နေသည်မို့ ချာတိတ်ရှက်နေသည်ဆိုတာ သူရိပ်မိလိုက်သည်။
"တောင်း..တောင်းပန်ပါတယ် ဦး"
တောင်းပန်စကားကိုပြောရင်းဖြင့် သူ့အနားကပြေးထွက်သွားသည်က အလျှင်အမြန်ပင်။
သူမကိုကြည့်ရင်း နက္ခနှုတ်ခမ်းတို့ဟာ သဘောကျစွာဖြင့် အလိုလိုပြုံးလိုက်မိလေသည်။*ကိုယ်မင်းကို ချစ်မိသွားတာလား ချာတိတ်ရာ*
>>>>>
"နုနယ် ထမင်းစားမယ်လေ..."
ရံကခေါ်နေပေမယ့် နုနယ်စားပွဲဝိိုင်းဆီသို့ မလာရဲပေ။ရံ့ဘေးမှာ ဦးကအတူရှိနေတာမို့ နုနယ် ရှက်နေမိသည်။
မနေ့ကအဖြစ်ကြောင့်နုနယ် ဦးကိုရှောင်နေမိသည်မှာ ဒီနေ့မနက်ထိပင်။
"နုနယ် နင်ဘာလုပ်နေတာလဲ..လာလေ"
ရံက စိတ်မရှည်စွာ နုနယ်ဆီသို့လျှောက်လာရင်းဖြင့် နုနယ်လက်ကိုဆွဲကာခေါ်လိုက်သည်။
"ဟင့်အင်းရံ..ငါ ငါ ဗိုက်မဆာဘူး..ဟို..ဟိုလေ နင်..နင်ပဲစားတော့နော်"
"နင်ဘာဖြစ်နေတာလဲနုနယ် မျက်နှာလဲရဲလို့ပါလား နင်နေမကောင်းဘူးလား..."
"ဟင် မဟုတ်..မဟုတ်ပါဘူး"
ဦးကိုမဝံ့မရဲခိုးကြည့်ရင်း နုနယ်ခေါင်းခါယမ်းကာဖြေလိုက်မိသည်။
ဦးကိုကြည့်မိတော့ ဦးပုံစံကတည်ငြိမ်နေသည်။
ဦးကမနေ့ကကိစ္စကိုမေ့ပစ်လိုက်တာလား။
နုနယ်နဲ့ဦး မနေ့ကနမ်းခဲ့သည့်ကိစ္စကို ဦးမမှတ်မိတော့တာလား။
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"