🌼ချစ်သောဦး🌼(Unicode)
(အခန်း၁၈)
"ဦး..."
"ဟင်...ပြောလေချာတိတ်"
"နုနယ်တို့လက်ထပ်ရအောင်လား"
ချက်ချင်းကြီးလက်ထပ်ရန်ပြောလာသည်မို့ နက္ခ ကားမောင်းနေရင်း ကားကိုဘေးသို့ချကာရပ်လိုက်သည်။
"ဘာလို့လဲ...."
"ဦးကလဲ နုနယ်က ဦးနဲ့အတူနေချင်လို့ပေါ့"
နုနယ်ကစကားကိုချွဲပစ်ကာပြောလိုက်သည်မို့ နက္ခ စိတ်အိုက်စွာဖြင့် နက်ခ်တိုင်ကို ဆွဲချလိုက်သည်။
"ချာတိတ်..လက်ထပ်တယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ကိစ္စပဲ ချာတိတ်ဘက်က လက်ထပ်မယ်ဆိုတာသေချာစဥ်းစားဆုံးဖြတ်ပြီးပြီလား"
"ဒါပေါ့ဦးရဲ့..နုနယ်က ဒီအတောတွင်း ဘယ်လောက်တောင် ဦးကိုလွမ်းနေလိုက်လဲ...."
"ဟွန်း...."
ထိုစကားကြောင့် နက္ခ ရယ်လိုက်တော့ ခတ္တာနှုတ်ခမ်းကိုဖိကိုက်မိလိုက်သည်။
"ဘာလို့ရယ်တာလဲ..."
"ကိုယ်ကတော့ ချာတိတ်ကိုသတိမရဘူး.."
"ဟင်!!..."
"ဟုတ်တယ် ကိုယ်ချာတိတ်ကိုမလွမ်းဘူး..ပြီးတော့ ကိုယ့်မှာတရားဝင်လက်ထပ်ရမယ့်သူရှိနေပြီးသား"
"ဘယ်လို..."
ဒေါက်တာနက္ခမင်းထင်စကားကြောင့် ခတ္တာမျက်နှာလေးပျက်သွားရလေသည်။သို့ပေမယ့် အတတ်နိုင်ဆုံး မျက်နှာကိုငယ်ထားလိုက်ရင်း မျက်ရည်ကို မရမက ညှစ်ထုတ်လိုက်လေသည်။ထိုအခါ မထွက်ချင်သည့်မျက်ရည်တို့က ပါးပြင်ပေါ်သို့လိမ့်ဆင်းလာလေသည်။
"ဦးက နုနယ်ကိုစောင့်မနေဘူးလား..."
"အင်း အမှန်ပဲ ကိုယ်ချာတိတ်ကိုစောင့်မနေဘူး....ချာတိတ်ကကိုယ့်အနားကနေ ထွက်သွားတဲ့လူလေ ဒါကိုကိုယ်က ဘာလို့များချာတိတ်ကို အရူးတစ်ယောက်လိုစောင့်နေရမှာလဲ...."
"ဦးကနုနယ်ကိုမချစ်ခဲ့ဘူး"
"မှားတယ်...ကိုယ်ချာတိတ်ကိုသိပ်ချစ်တယ် ရူးလောက်တဲ့အထိချစ်တာ"
YOU ARE READING
"ချစ်သောဦး"
عاطفية"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"