🌼ချစ်သောဦး🌼(Unicode)
(အခန်း၇)
"ကို...အခုခတ္တာကိုအော်လိုက်တာလား"
ခတ္တာကအံ့သြလွန်း၍မျက်ဝန်းများပြူးကျယ်ကာသူ့ကိုမေးခွန်းထုတ်လာသည်။
"မင်းကစကားကိုကောင်းကောင်းမွန်မွန်ပြောလို့လား.."
"ဟင် ကို ဘာသိလို့လဲ သူကစကားမပြောတတ်ပဲ ဘယ်လိုလုပ်ပြီးကျောင်းတက်လို့ဖြစ်နိုင်မှာလဲ"
"အဲတာကိုပဲပြောနေတာလေ စကားမပြောတတ်ရုံနဲ့ကျောင်းတက်လို့မရဘူးတဲ့လားဆူးခတ္တာ သူစကားမပြောတက်လဲနားကြားတယ် အရည်ချင်းရှိတယ်ကွ မင်းကအဲတာကိုဘာလို့နှိမ်ချဆက်ဆံနေရတာလဲ သူကမင်းညီမလေ မင်းကပဲသူ့ကိုမြေတောင်မြှောက်ပေးရမှာမဟုတ်ဘူးလား"
ထိုအခါဆူးခတ္တာကနှုတ်ခမ်းအစုံကိုဟွန့်ခနဲပင် မဲ့ချလိုက်လေသည်။
"မင်းငါ့ဇနီးလုပ်မယ်ဆိုရင် တော်တော်လေးကိုပြုပြုပြောင်းလဲမှရမယ်ဆူးခတ္တာ...မဟုတ်ရင် မင်းနဲ့လက်ထပ်ပွဲကိုငါဖျက်သိမ်းရလိမ့်မယ်"
"ဟင်!!..."
ထိုစကားကြောင့်ခတ္တာမျက်လုံးများပြူးကာအလန့်တကြားဖြစ်သွားရသည်။
"ငါ့ရဲ့ဇနီးတစ်ယောက်လုပ်မယ်ဆိုရင် သိမ်သိမ်မွေ့မွေ့နဲ့ယဥ်ယဥ်ကျေးကျေးနေရမယ် စကားပြောနူးညံ့ရမယ် မဟုတ်ရင်တော့ မင်းဟာဘယ်တော့မှငါ့ဇနီးဖြစ်လာမှာမဟုတ်ဘူး..."
နက္ခကပြက်ပြက်သားသားပြောလိုက်တော့ ခတ္တာမျက်နှာဟာတင်းမာနေရာမှ အနည်းငယ်ညိုးကျသွားရသည်။
"ချာတိတ် သွားမယ်"
နုနယ်လက်ကိုဆွဲလိုက်ရင်းပြောလိုက်သည်မို့ နုနယ်ဟာအလိုလိုနေရင်း ဦးဆွဲခေါ်ရာနောက်သို့ ကပိုကရိုပါလာရသည်။
အခန်းပြင်ရောက်သည်နှင့်ဦးကနုနယ်လက်ကိုလွှတ်ပေးရင်း
"မင်းကြိုးစားရမယ်..မင်းဟာအရည်ချင်းရှိကြောင်း အားလုံးကိုသက်သေပြနိုင်ရမယ်ချာတိတ်..မင်းလုပ်နိုင်ရဲ့လား"
ဦးကနုနယ်ပုခုံးလေးကိုဆုပ်ကိုင်ရင်းဖြင့်မေးလေတော့ နုနယ်ခေါင်းကိုအမြန်ညိတ်ပြလိုက်သည်။
YOU ARE READING
"ချစ်သောဦး"
Romansa"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"