🌼ချစ်သောဦး🌼(unicode)
(အခန်း၁၄)
အိမ်ပြန်ရောက်သည့်အခါ ရံ ဘာလုပ်ရမည်မသိဖြစ်နေသည်။နုနယ်ပျော်ဖို့..နုနယ်အဆင်ပြေဖို့ သူဘာလုပ်ပေးနိုင်မလဲတွေးရင်း သူ့ခေါင်းထဲတိုးဝင်လာသည့် အတွေးဟာ တစ်ခုတည်းသာ...
အကယ်၍ကိုကြီးနဲ့မဆူးခတ္တာရဲ့လက်ထပ်ပွဲဟာ ပျက်သွားရမယ်ဆိုရင် နုနယ်ပျော်ရွှင်ရပေမည်။
ထို့ကြောင့် ထိုလက်ထပ်ပွဲကိုပျက်ဖို့ရာ သူတွေးထားသည်ကို စီစဥ်ရန် ဆုံးဖြတ်လိုက်လေတော့သည်။အပြင်သို့ပြန်ထွက်၍ ဆေးဆိုင်ကိုသွားကာ မေ့ဆေးဝယ်လိုက်သည်။အစကဆေးဆိုင်ကမရောင်းပေးပေမယ့် သူပိုက်ဆံအများကြီးပေးလိုက်သည့်အခါ ကြည်ကြည်ဖြူဖြူနှင့် ရောင်းလာသည်။
ထိုဆေးကိုယူ၍ သူကော်ဖီအေးနှစ်ဗူးကိုဝယ်လိုက်သည်။ကော်ဖီအေးတစ်ဗူးထဲသို့ ထိုဆေးကို ထည့်လိုက်သည်။
အိမ်ပြန်လာပြီးမဆူးခတ္တာကိုစောင့်နေလိုက်သည်။အနည်းငယ်မိုးချုပ်စပြုသည့်အချိန်မှာ မဆူးခတ္တာ ပြန်ရောက်လာသည်။
"ကျွန်တော်တို့စကားခဏပြောရအောင် မဆူးခတ္တာ..."
"ဘာပြောစရာရှိလို့လဲ..."
"ကိုကြီးကိစ္စပြောမလို့ပါ...လာလေ ခြံထဲခဏသွားရအောင်"
ရံပြောလိုက်တော့ ခတ္တာက ခေါင်းညိတ်၍ ပိုက်ဆံအိတ်ကိုချကာ လိုက်လာသည်။
အသင့်ပြင်ထားသည့် ကော်ဖီအေးကို မဆူးခတ္တာကို ပေးလိုက်သည်။"ဘာပြောမလို့လဲရံ..."
"ကိုကြီးနဲ့လက်ထပ်ဖို့ကိစ္စကို ပြန်စဥ်းစားပေးနိုင်မလား..."
"ပြန်စဥ်းစားရမယ်..ဘာလို့လဲ ရံ.."
"မခတ္တာ ကိုကြီးကိုချစ်ရောချစ်ရဲ့လား"
"အဲမေးခွန်းကို နင်ကဘာလို့သိချင်တာလဲ ရံ"
"ကိုကြီးကခင်ဗျားကိုမချစ်ဖူးဆိုတာ ခင်ဗျားသိတာပဲလေ...ဒါကိုဘာလို့ကိုကြီးနဲ့ အတင်းလက်ထပ်ချင်ရတာလဲ..."
ခတ္တာ လက်ကျန်ကော်ဖီကိုမော့သောက်ရင်း ရံ့ကိုကြည့်ကာ မဲ့ပြုံးလိုက်၍
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"