🌼ချစ်သောဦး🌼
{အခန်း၂}
လွန်ခဲ့သောကိုးနှစ်ခန့်က
ပါရမီအလင်းရောင်(ကိုယ်ပိုင်ကျောင်း)
"ဟားဟားဟား...ကြည့်ပါဦးသူ့ရုပ်ကြီးကို"
"အေးလေ..ရုပ်ဆိုးလိုက်တာ ဟားဟား.."
မိန်းကလေးသုံးဦးနဲ့အတူယောကျာ်းလေးနှစ်ဦးကဆေးလိပ်ကိုဘေးနားတွင်ရှိုက်ဖွာ၍ နုနယ်ကိုဝိုင်းကြည့်ကာလှောင်ပြောင်နေကြသည်။
နုနယ်ရဲ့မျက်နှာအားနှုတ်ခမ်းနီများဖြင့်လျှောက်ခြစ်ထား၍ ဆံပင်များကိုလဲဖွာလန်ကြဲသည်အထိရှုပ်ပွအောင်တမင်ဖွထားကြလေသည်။ထို့ကြောင့်နုနယ်မျက်နှာဟာရီစရာကောင်းနေသည်။
"သီချင်းဆိုပြစမ်း"
"ဟင်!!.."
ဆံပင်များကိုစုစည်းမော့စေ၍ပြောလိုက်သည့်စကားကြောင့်နုနယ်ချွေးစေးများပင်ပြန်လာရပြီး ကြောက်လန့်တကြားမော့ကြည့်နေမိသည်။
"ပြောနေတာမကြားဘူးလား သီချင်းဆိုပြစမ်းလို့"
"တောင်း..တောင်းပန်ပါတယ် နုနယ်ကိုဒီလိုမလုပ်ပါနဲ့..နုနယ်..တောင်း..တောင်းပန်ပါတယ် အဟင့်ဟင့်.."
နုနယ်မျက်ရည်အရွှဲသားဖြင့်လက်အုပ်ချီတောင်းပန်မိပေမယ့် သူတို့အဖွဲ့ဟာနုနယ်ကိုဂရုမစိုက်ပေ။
"သီချင်းမဆိုပြရင်နင့်ကိုအိမ်သာထဲပိတ်ထားမယ်"
"ဟင်!!.."
ထိုစကားကြောင့်နုနယ်ပိုထိပ်လန့်မိလေသည်။အိမ်သာထဲအပိတ်ခံရ၍မဖြစ် ဒီနေ့စာမေးပွဲရှိသည်။ထိုစာမေးပွဲကိုနုနယ်ဖြေရမည်။
"ပြောစမ်း ဆိုပြမှာလား မဆိုပြဘူးလား!!..."
"ဟို!!...ဟို နုနယ်..နုနယ် ဆို..ဆိုပါ့မယ်"
နုနယ်ရဲ့အသံလေးများကတုန်ယင်အက်ကွဲနေသည်။နုနယ်အထိပ်တလန့်လေးဖြင့်ဒူးတုပ်ထိုင်ထားရင်းသီချင်းဆိုရန်ဟန်ပြင်လိုက်သည်။
"တော်တော့.."
"ဟင်!!.."
"ဟင်!!..."
တည်ငြိမ်အေးဆေးသည့်အသံနဲ့အတူ ဘောင်းဘီအိတ်ကပ်ထဲလက်နှိုက်လျှောက်လာသည့်ကျောင်းသားတစ်ဦး..
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"