🌼ချစ်သောဦး🌼(Unicode)
(အခန်း၁၁)
ဦးက နုနယ်လက်ကိုဆွဲ၍ ဆေးရုံရဲ့အပြင်ဘက်သို့ ခေါ်လာခဲ့သည်။
"ဦး..."
နုနယ်ခေါ်လိုက်သည့်အခါ ဦးက နုနယ်ကို ကြင်နာသည့်မျက်ဝန်းများဖြင့်ငေးကြည့်လာကာ
နုနယ်ရဲ့လက်ကိုလွှတ်လိုက်ရင်းဖြင့် နုနယ်ရဲ့ ပုခုံးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ရင်း"ချာတိတ်..."
"ဟုတ်..."
"ကိုယ့်စကားကိုဘာလို့နားမထောင်ရတာလဲ"
"ရှင်..."
"ချာတိတ်..ကိုယ့်ရှေ့မှာ မင်းမငိုပါနဲ့ မင်းမျက်ရည်ကျတာကို ကိုယ်မြင်နေရတာ တစ်ကယ်မကြိုက်ဘူးကွ..."
ဦးက နုနယ်ကို ခပ်အေးအေးလေသံဖြင့်ပြောလာသည်။နုနယ်ဦးကိုကြည့်ရင်း ဘာဖြေရမှန်းမသိ။
"ကိုယ့်ရှေ့မှာမင်းငိုလဲမငိုနဲ့ ကိုယ့်ရှေ့မှာမင်း ဒဏ်ရာရအောင်လဲမနေနဲ့...ကိုယ့်ကွယ်ရာမှာလဲ မင်းအဲ့လိုမနေနဲ့ချာတိတ်ရာ"
ဦးကပြောနေပေမယ့် နုနယ်မှာငိုချင်နေပြန်သည်။ဦးကိုလက်လွတ်ဖို့..ဦးကိုမချစ်မိဖို့က ဘာလို့များ အဲ့လောက်ထိတောင် ခက်ခဲရတာတဲ့လဲ...
"ချာတိတ် ကိုယ်ပြောနေတာကြားရဲ့လား.."
ပြန်မဖြေသည့်နုနယ်ကို ဦးက ပုခုံးလေးအသာလှုပ်ကိုင်ရင်း မေးလာသည်။
"နုနယ် တောင်းပန်..တောင်းပန်ပါတယ် ဦး...နုနယ် ဦးစိတ်ညစ်အောင် ဦးကိုအနှောက်ယှက်ဖြစ်အောင်လုပ်ခဲ့မိရင် နုနယ်တောင်းပန်ပါတယ် နုနယ်က အင့်..နုနယ်က "
နုနယ်ပြောနေရင်းဖြင့်ဝမ်းနည်းစွာပင် ငိုချလိုက်မိတော့သည်။
"ချာတိတ်ရာ..."
ဝမ်းနည်းစွာရှိုက်ငိုနေသည့်ချာတိတ်ကို သူမကြည့်ရက်စွာဖြင့် ရင်ခွင်အတွင်းသို့ဆွဲထည့်လိုက်တော့သည်။
"ကိုယ်ပြောနေတယ်လေကွာ မငိုပါနဲ့ဆို ချာတိတ်ရယ်"
ဆေးရုံ၏အပြင်ဘက်စင်္ကြန်လမ်းတွင်ငိုနေသည့်ချာတိတ်ကိုသူပွေ့ဖက်ထားလိုက်မိသည်မှာ အချိန်အတော်ကြာသည်အထိပင်။
YOU ARE READING
"ချစ်သောဦး"
Romans"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"