🌼ချစ်သောဦး🌼(Unicode)
(အခန်း၆)
နက္ခအခုမှပင် ထိုချာတိတ်မလေးကို ပြန်အမှတ်ရလာရသည်။ဒါကြောင့် သူ့စိတ်ထဲရင်းနှီးသလိုခံစားနေရတာ..
"ကိုကြီး...ကျွန်တော့်ကိုသူကခွင့်မလွှတ်ဘူး..ကျွန်တော်ဘာလုပ်ရမလဲဗျာ..ကျွန်တော်လေ နုနယ်အပေါ်အမှားတွေလုပ်ခဲ့မိတယ် ကျွန်တော်သူခွင့်လွှတ်အောင် ဘာလုပ်ရမလဲ"
နက္ခ အငယ်ကောင့်ကိုကြည့်ကာစိတ်မကောင်းပေ။အငယ်ကောင်အဲလိုဖြစ်သွားရဟာ ဖေဖေနဲ့မေမေကြောင့်လဲအများကြီးပါသည်။အမြဲလိုလို သူနဲ့နှိုင်းယှဥ်ပြီးအငယ်ကောင့်ကို စာအတင်းကြိုးစားခိုင်းခဲ့သည်။ထို့ကြောင့် အငယ်ကောင်အဲအချိန်က သူ့ထက်သာသွားခဲ့သည့် ထိုချာတိတ်အပေါ် ပြိုင်ဆိုင်လိုစိတ်နဲ့မနာလိုစိတ်များ ဖြစ်ပေါ်ခဲ့ခြင်းသာ။
"ကိုကြီး..အခုကိုကြီးလက်ထပ်တဲ့ကိစ္စက နုနယ်ကြောင့်လဲပါတယ်လေ"
"ဘာဆိုင်လို့လဲအငယ်ကောင်.."
"ကိုကြီးမသိဘူးလား.."
"ကိုကြီးကဘာကိုသိရမှာလဲအငယ်ကောင် ကိုကြီးလက်ထပ်တာက မေမေတို့စိတ်တိုင်းကျစီစဥ်ခဲ့လို့ပဲလေ မေမေတို့စိတ်ချမ်းသာအောင်ကိုကြီးကလက်ခံခဲ့ရုံပဲ"
"ကိုကြီးကိုယ်တိုင်လက်ခံခဲ့တာဆို..."
"ဘာကိုလဲအငယ်ကောင် ကိုကြီးက လက်ထပ်ပွဲကိုလက်ခံခဲ့တာမှန်တယ်လေ အငယ်ကောင်ပြောတာကိုကြီးမရှင်းဘူး..."
"ဒါဆိုရှင်းရှင်းပဲမေးမယ်ဗျာ..ကိုကြီးကိုလက်ထပ်ဖို့ကို မေမေတို့ကဘယ်လိုတောင်းဆိုလာတာလဲ"
"ဆူးခတ္တာရဲ့မိဘတွေနဲ့မေမေတို့အပြန်လှန်ကျေးဇူးရှိကြလို့ လက်ထပ်ဖို့လူကြီးချင်းတိုင်ပင်ပြီးစီစဥ်ကြတာလေ ကိုကြီးကမေမေတို့ကိုစိတ်မဆင်းရဲစေချင်လို့ လက်ခံလိုက်တာ"
"မဟုတ်ဘူးကိုကြီး..မေမေကကိုကြီးကိုညာတာ"
"ညာတယ်ဟုတ်လား..မေမေကဘာကိုညာတာလဲအငယ်ကောင်"
"ကိုကြီးနဲ့အဲဒီအစ်မဆူးခတ္တာတို့လက်ထပ်ဖို့ကိစ္စကို မေမေနဲ့အမဆူးခတ္တာအမေနဲ့အပေးယူလုပ်ခဲ့ကြတာ.."
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"