🌼ချစ်သောဦး🌼(Unicode)
(အခန်း၁၅)
"ဒါလေးဘယ်လိုနေလဲ...အဆင်ပြေလား"
ခတ္တာအဖြူရောင်ဂါဝန်ရှည်ကြီးကိုဝတ်၍ထွက်လာပြပေမယ့် ရံက နည်းနည်းလေးတောင်အရေးလုပ်သည့်ပုံမပေါ်ပေ။လက်ထဲကဖုန်းကိုသာ အာရုံစူးစိုက်၍ ကြည့်နေသည်မို့ ခတ္တာမျက်နှာလေးရဲကာ ရှက်နေမိတော့သည်။
မင်္ဂလာဝတ်စုံလာဝတ်ကြည့်ပေမယ့် ဂရုမစိုက်သည့် သူ့ပုံစံကြောင့် ခတ္တာစိတ်မရှည်တော့ပေ။အခြားသူများလဲရှိနေသည်မို့ ခတ္တာပို၍ ရှက်ရွံ့နေမိေသည်မှာအမှန်ပင်။
"ငါ့ကိုအရေးလုပ်ပါဦး လွမ်းကာရံရှိန်"
ဒေါသဖြင့်အံကြိတ်ပြော၍ လက်ထဲမှဖုန်းကို ဆက်ခနဲဆွဲလုလိုက်သည်။ဘာကိုများ အသည်းသန်ကြည့်နေလဲဟုသိချင်စိတ်ဖြင့် ခတ္တာ ဖုန်းကိုကြည့်မိလိုက်ရာ ပိုးသားနုနယ်ရဲ့ပုံဖြစ်နေသည်မို့ စိတ်ထဲ ဒေါသတို့ကထောင်းခနဲဖြစ်သွားရသည်။
"ကျစ်..ဘာလုပ်တာလဲခင်ဗျား.."
ရံကဒေါသတကြီးသူ့ကိုရန်တွေ့လိုက်ရင်း လက်ထဲမှဖုန်းကို ပြန်ဆွဲလုလိုက်သည်။
"မင်္ဂလာဝတ်စုံလာစမ်းဝတ်ကြည့်နေတာနော် လွမ်းကာရံရှိန် နည်းနည်းပါးပါး စိတ်ဝင်စားမှု့တော့ရှိပါဦး..."
"ဟွန့်...ဒီမင်္ဂလာပွဲကကျုပ်မှဆန္ဒမရှိတာ"
"ဘာ..မင်း..."
သူ့စကားကြောင့် ခတ္တာမျက်နှာလေးဟာ နဂိုထက်ပို၍ ပျက်ယွင်းသွားရသလို နဂိုထက်ပို၍လဲ တင်းမာသွားရသည်။
"ပြီးပြီလား ပြီးရင်လဲသွားမယ် ဘယ်ဝတ်စုံပဲဝတ်ဝတ် ခင်ဗျားစိတ်ဓာတ်မလှသရွေ့ မျက်နှာကလဲလှလာမှာမဟုတ်ဘူး...အဲတော့ဘယ်ဝတ်စုံနဲ့မှလိုက်မှာမဟုတ်ဘူး ဒါကြောင့်ကျွတ်မကျတဲ့ဝတ်စုံကိုပဲယူပြီး သွားမယ် ဟွန့်..."
အနားကပ်ရင်း တီးတိုးပြောလိုက်သည့် လွမ်းကာရံရှိန်ရဲ့စကားကြောင့် ခတ္တာမျက်နှာဟာ ပိုရုပ်ဆိုးသွားရသည်။
"လွမ်းကာရံရှိန်...မင်း....တောက်စ်"
ဒေါသဖြင့်တောက်စ်တစ်ချက်ကိုခေါက်ရင်း ခတ္တာ စိတ်တိုနေမိတော့သည်။ရံက တစ်ချက်မှဂရုမစိုက်ပဲ လှည့်ထွက်သွားလေသည်။ခတ္တာသာ မင်္ဂလာဝတ်စုံကြီးဖြင့် ထိုနေရာမှာ အရူးမကြီးလို ကျန်ရစ်ခဲ့လေသည်။
YOU ARE READING
"ချစ်သောဦး"
Romance"ဦးကိုချစ်တယ်ဆိုတာစကားနဲ့မပြောနိုင်တာမို့ နုနယ်ရဲ့နှလုံးသားကနေပဲဖော်ပြပါရစေ"