ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

636 90 0
                                    

Chapter 43


တစ္ဆေဘုရင်မှာ အနိုင်ကျင့်ခံရသည်ဟု ခံစားရသည့်တိုင် အခန်းထောင့်တစ်နေရာတွင် ခေါက်ထားသည့် ခေါက်အိပ်ယာအား ထုတ်လာကာ အိပ်ယာခင်း၍ အိပ်လိုက်ဆဲပင်။

သူမှ နတ်ဘုရားအဆင့် တိုက်ခိုက်သူကို အနိုင်မတိုက်နိုင်တာ ဘာများ လုပ်နိုင်ဦးမှာလဲ ...

ပြီးတော့ သူကိုယ်တိုင်ကလည်း ဒီလို လုပ်ပေးဖို့ကို လိုလားတာလည်း ပါပါတယ် အဓိကကတော့ သွမ့်ချန်ချင်းက သူ့သားအပေါ် ဘာမကောင်းတဲ့ အကြံအစည်မှ မရှိတာရယ် ... သူ့ကိုလည်း အများကြီး သဘောကျတာရယ်ကြောင့် ရောပေါ့ ...

ပြီးတော့ ... သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူ့သားကို ကာကွယ်ဖို့က သွမ့်ချန်ချင်းကို မှီခိုရမှာ ... ဒီလိုလူကို နည်းနည်းလေးမှ အပြစ်ပြုမိလို့ မရဘူး ...

သူ့သားက သူ့ကို ကုသပေးနေတဲ့ ကိစ္စကတော့ ... တစ်ချိန်လုံး မအိပ်ဘဲ တစ်ခြားအလုပ်တွေ ဘာမှ မလုပ်ဘဲ သူ့သားကို ကူညီခိုင်းနေဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ ပြီးတော့ ကုနေတဲ့ အတောအတွင်း သူ့ဒဏ်ရာက ပိုပြီးလည်း ဆိုးလာနိုင်တော့  ... သူ့သားက သူ့ကို ကုပေးနိုင်လိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးဘူး ...

တစ္ဆေဘုရင်က အိပ်ယာပေါ် လှဲကာ ညလုံးပေါက်နေရန် စိတ်ကို ပြင်ဆင်ထားလိုက်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း အမျိုးမျိုးသော ကိစ္စများနှင့် ကြုံတွေ့ခဲ့ရရာ ဘေးနားတွင် လူရှိနေသည့်အခါ အိပ်မောကျရန် ခဲယဉ်းလာတော့သည်။

သို့သော် မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ ရှဲ့ယွင်နန်က သူ့ကို တစ်ကြိမ် ကူညီပေးပြီးနောက် ရုတ်တရက် အိပ်ငိုက်လာကာ သူပင် သတိမပြုမိဘဲ အိပ်ပျော်သွားတော့သည်။

သွမ့်ချန်ချင်းက တစ္ဆေဘုရင် အိပ်ပျော်သွားစေရန် လှည့်ကွက်အချို့ ပြုလုပ်ပြီးနောက် ချက်ခြင်း ထထိုင်လိုက်သည်။

“အိပ်မပျော်ဘူးလား ...”

ရှဲ့ယွင်နန်က သူ့ကို ခပ်တိုးတိုး မေးလိုက်သည်။

တစ္ဆေဘုရင်၏ အိပ်ယာအကြီးကြီးကို သူနှင့် သွမ့်ချန်ချင်းတို့က တစ်ဖက်တစ်ချက်စီ အပိုင်ယူထားလိုက်ကြသည်။ သူက ထိုင်နေကာ သွမ့်ချန်ချင်းကမူ လှဲလျောင်းနေ၏။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now