Chapter 78 Delicate little wife
December 07, 2023
Chapter 78ရှဲ့ယွင်နန်မှာ ချက်ခြင်း ပြန်မတုန့်ပြန်နိုင်ခဲ့။ ရှောက်ချီလင် ပြောသွားသည့် စကားများ၏ အဓိပ္ပါယ်ကို သဘောပေါက်သွားသည့်အခါတွင်မူ ဒေါသထွက်သွားသည့်အပြင် လှောင်ရယ်လိုစိတ်များလည်း ဖြစ်ပေါ်လာတော့သည်။
“သွမ့်ချန်ချင်းက မင်းနဲ့ ဘယ်လိုမျိုး တူတာလဲ ...”
ရှောက်ချီလင်က မကျေမနပ် ပြောလိုက်သည်။
“ဒေါက်တာဟူ ပြောတာတော့ မင်း သူ့ကို ကယ်လာတုန်းက သူက အဝတ်အစားတွေလည်း ဝတ်မထားဘူး တစ်ခြားလူတွေ အနိုင်ကျင့်တာကို ခံထားရတဲ့ ပုံစံမျိုးတဲ့ .. မင်းသာ သေချာစဉ်းစားကြည့်ရင် သူက ငါလောက်တောင် မကောင်းဘူး လူဘယ်လောက်များများက သူ့ကို ကစားထားလဲ ဆိုတာတောင် သိနိုင်မှာ မဟုတ်ဘူး ...”
ရှောက်ချီလင်၏ အဆိပ်ပြင်းလှသည့် စကားများကြောင့် ရှဲ့ယွင်နန်၏ မျက်ခုံးနှစ်ဖက်လုံး ထိကပ်လုမတတ် တွန့်စုသွားတော့သည်။
“ဒေါက်တာဟူက ပေါက်ကရ လျှောက်ပြောတတ်တဲ့ လူစားမျိုး မဟုတ်ဘူး မင်း ဒါကို ဘယ်က ကြားလာတာလဲ မဟုတ်တရုတ်တွေ လျှောက်မပြောနဲ့ ..."
ရှဲ့ယွင်နန်သည် မြို့ထဲမှ ထွက်သွားပြီးနောက် ပြန်မလာနိုင်ခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သော်ငြား ထိုနေရာရှိ လူများနှင့် အချိန်အတော်ကြာ သိကျွမ်းခဲ့သူ ဖြစ်၍ ထိုသူအားလုံးမှာ ယုံကြည်၍ရကြောင်း သိထားပေသည်။
သူက လူများအား ကုသရန် ဒေါက်တာဟူကို ငှားရမ်းထားသည်။ ဟုန်ယဲ့မြို့တော်ရှိ နေရာအတော်များများမှာ ဆောက်လုပ်ရေးလုပ်ငန်းများ ရှိနေကာ ထို လုပ်ငန်းစဉ်အတွင်း မတော်တဆ ထိခိုက်ကြသူများ ရှိတတ်ပေသည်။ ထိုသို့သော အရေပြားကို ထိခိုက်သွားသည့် ဒဏ်ရာများအား ကုသရာတွင် ဒေါက်တာဟူက အကောင်းဆုံးဖြစ်သည်။
ရှောက်ချီလင်က ဒေါက်တာဟူအကြောင်း ပြောလာခြင်းကို ရှဲ့ယွင်နန်အနေဖြင့် မအံ့ဩမိ။ သူတို့အားလုံးမှာ ဒေါက်တာဟူ၏ မျက်စိရှေ့တွင်ပင် ကြီးပြင်းလာခဲ့သူများ ဖြစ်ကြကာ ဒေါက်တာဟူသည် သူတို့ကို ငယ်စဉ်ကတည်းက ကောင်းစွာ ဆက်ဆံပေးခဲ့သည်။ အတိတ်အချိန်က သူနှင့် ရွယ်တူများ လမ်းကြောင်း သွေဖယ်သွားလေတိုင်း ဒေါက်တာဟူသည် သံမဏိ ဖြစ်မလာနိုင်သည့် သံကို စိတ်ပျက်မုန်းတီးလေ့ ရှိခဲ့သည်။
YOU ARE READING
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
RomanceTitle - Where'd My Delicate Little Wife Go? ငါ့ရဲ့ နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ... Description 💥 ရှဲ့ယွင်နန်သည် သူ့ကိုယ်သူ အခြားသူတစ်ဦး၏ အချစ်ဇာတ်လမ်းထဲရှိ အမြှောက်စာဇာတ်ကောင် တစ်ဦး ဖြစ်နေကြောင်းနှင့် ထို့ကြောင့်ပင်လျှင် အသက်ဆုံးရှုံးရမည်ဖြစ်ကြော...