chapter 97

337 44 1
                                    

Chapter 97 Delicate little wife
December 12, 2023
Chapter 97

အကြီးအကဲပိုင်က သွမ့်ချန်ချင်းကို "ယဇ်ဆရာအကြီးအကဲ" ဟု ခေါ်လိုက်သည့်အခါ ကြည့်နေသူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

မြင့်မြတ်မြို့တော်၏ ဘက်တော်သားများမှာမူ နားဝေတိမ်တောင် ဖြစ်သွားတော့သည်။ သူတို့အားလုံးက ယဇ်ဆရာအကြီးအကဲကို သစ္စာဖောက်သူမှာ အကြီးအကဲပိုင်ဖြစ်ပြီး ဟုန်ယဲ့မြို့တော်သားများက ယဇ်ဆရာအကြီးအကဲကို များစွာ ဖော်ရွေခြင်း မရှိ၊ တစ္ဆေဘုရင်က ယဇ်ဆရာအကြီးအကဲကို သတ်ခဲ့သည်ဟု များစွာ ဝါဒဖြန့် အယုံသွင်းခြင်း ခံထားရသည့်အတွက် ...

သူတို့က ဟုန်ယဲ့မြို့တော်သားများသည် မွန်မြတ်ခြင်း ကျောင်းတော်ကို ဖြုတ်ချရန် မြင့်မြတ်မြို့တော်ကို တိုက်ခိုက်ကြခြင်း ဖြစ်သည်ဟုပင် အခိုင်အမာ ပြောခဲ့ကြသေးသည်။

မွန်မြတ်ခြင်းကျောင်းတော်မှာ မြင့်မြတ်မြို့တော်သားများအဖို့ အထိအခိုက် မခံနိုင်သည့် ရတနာသဖွယ် ဖြစ်နေရာ .. အားလုံးက  ဟုန်ယဲ့မြို့တော်သားများကို အလိုလိုပင် မုန်းတီးမိလာကြတော့သည်။

သွမ့်ချန်ချင်း ထွက်မလာခင်အထိ အားလုံးက တရားဝင် အခမ်းအနား မကျင်းပရသေးသည့်တိုင် ဒုတိယအကြီးအကဲကသာ ယဇ်ဆရာအကြီးအကဲအသစ်ဖြစ်ကြောင်းကို ထုတ်ပြောရန်ပင် မလိုအပ်ဘဲ အချင်းချင်း နားလည်သဘောပေါက်ထားကြသည်။

ဒါပေမယ့် အခု အကြီးအကဲပိုင်က ဘာပြောလိုက်တာလဲ .. သွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲတဲ့လား ပြီးခဲ့တဲ့ အာဏာသိမ်းမှုတုန်းက ပျောက်သွားတဲ့ ယဇ်ဆရာအကြီးအကဲလေ ...

ဟုန်ယဲ့မြို့တော်သားများမှာလည်း ထပ်တူပင် နားဝေတိမ်တောင် ဖြစ်သွားကြသည်။

မုန့်ယန်နှင့် သူ့လူများက အစပိုင်းတွင် သွမ့်ချန်ချင်းကို တစ္ဆေဘုရင်ဟု ထင်ထားခဲ့ကြသည်။ သို့သော် တစ္ဆေဘုရင်၏ စကားများကြောင့် နောက်ပိုင်းတွင် သူတို့သည် သွမ့်ချန်ချင်းမှာ ယဇ်ဆရာအကြီးအကဲ၏ ဘေးနားရှိ နတ်ဘုရားအဆင့် တိုက်ခိုက်သူဟု ယုံကြည်လိုက်ကြတော့၏။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now