ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

731 93 1
                                    

Chapter 44

ရှစ်ဟိုင်ယွမ်မှာ အဘိုးတစ်ဦး ဖြစ်နှင့်နေပြီဖြစ်ကာ သူ၏ အကြီးဆုံးမြေးသည်ပင်လျှင် အသက် ၂၀ ဝန်းကျင်ခန့် ရှိနေပြီဖြစ်သည်။

ငယ်ရွယ်စဉ်က လွန်စွာ စိတ်ကူးယဉ်ဆန်တတ်သူ ဖြစ်ခဲ့သော်ငြား ယခုနှစ်ပိုင်းအတွင်း သူ၏ စိတ်ဆန္ဒတို့မှာ တစ်ဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ အသက်အရွယ် အိုမင်းလာသည့် အလျောက် စွမ်းဆောင်ရည်မှာလည်း မကောင်းမွန်တော့။

သို့သော် ဤတစ်ခဏ၌ သူ့ခံစားချက်များ ရင့်မှည့်လာပြန်သည်။ သူ၏ ငယ်ရွယ်တက်ကြွသည့် စိတ်မာန်တို့ကို ပြန်လည်ရရှိလာသည်ဟုပင် ခံစားမိလာကာ မျက်နှာပေါ်တွင် အမာရွတ်အပြည့်နှင့် အမျိုးသားကို ချစ်မိသွားတော့သည်။

ထိုသူ၏ တင့်တယ်လှသော ကိုယ်နေဟန်ထားကြောင့် တစ်မဟုတ်ချင်း ယစ်မူးရီဝေသွားကာ ခံစားချက်ကို လုံးဝ မဟန့်တားနိုင်တော့ချေ။

သွေးတစ်စက်ချင်း၊ သွေးကြောတစ်မျှင်ချင်းစီကအစ ထိုအမျိုးသားကို ချစ်သည့်စိတ်များဖြင့် ပြည့်နှက်နေတော့သည်။

ရှေ့တွင် ရှိနေသည့် အမျိုးသားအား ငေးကြည့်နေစဉ်မှာပင် ရှစ်ဟိုင်ယွမ်သည် ဓားဖြင့် အခုတ်ခံလိုက်ရတော့သည်။

ပြတ်ရှဒဏ်ရာ ရသွားသည့်တိုင် ရင်ခုန်သံကို မထိန်းနိုင်သေးပေ။

သူ ဒီယောက်ျားကို အရမ်း ချစ်မိသွားတာ ... တကယ် တကယ်ကို အများကြီး ချစ်မိသွားတာလို့ ....

နောက်တစ်ကြိမ် အရိုက်ခံလိုက်ရပြန်သည်။

နေပါဦး ဘာတွေ ဖြစ်ကုန်တာလဲ ... ဒီလောက် အရိုက်ခံ၊ အခုတ်ခံရပြီး ဒဏ်ရာဗလပွ ဖြစ်နေတာတောင် ဘာလို့ သူ့စိတ်တွေက ထူးဆန်းတဲ့ အတွေးတွေနဲ့ ပြည့်နှက်နေရတာလဲ ...

ချက်ခြင်း အသိပြန်ဝင်လာပြီးသည့်နောက် တစ်ခုခု ထူးဆန်းနေသည်ကိုပါ သတိပြုမိလိုက်သည်။

သူ့လိုလူက ဘယ်လိုဖြစ်လို့ တိုက်ခိုက်နေရင်း တန်းလန်းကြီး အာရုံပျံ့လွင့်သွားရတာလဲ ...

သူက ... ရုပ်ဖျက်ထားတဲ့ တစ္ဆေဘုရင်မှာ ဇင်ယော်တောင် မျက်ခုံးတွေ၊ မျက်လုံးလှလှလေးတွေ ရှိတယ်လို့ ဘာလို့ တွေးမိသွားပါလိမ့် ...ပြီးတော့ ရင်တောင် ခုန်မိသွားသေးတယ် ...

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now