chapter 73

645 80 1
                                    

Chapter 73 Delicate little wife
December 06, 2023
Chapter 73

ရှချင်၏ မျက်နှာက သုန်မှုန်နေ၏။ လုရှောင်ရန်ကို ပြောစရာ စကားပင် မရှိတော့သည့် မျက်နှာထားဖြင့် ငေးကြည့်နေဟန်မှာ သူမ၏ ဖြစ်တည်မှုကိုပင် သံသယဝင်စ ပြုလာတော့သည့်ဟန်။

လုရှောင်ရန်၏ မျက်ခုံးနှစ်ဖက်က ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေကာ ဟက်စကီးကို ကြည့်နေသည့် သူ့အကြည့်တို့မှာလည်း သတ်ဖြတ်လိုသည့် အငွေ့အသက်တို့ဖြင့် ဖုံးလွှမ်းနေ၏။

သူမ၏ ခွေးတူဝက်တူကို ကြည့်ကာ ပြင်းပြင်းထန်ထန် ဟောင်နေသည့် ရွံ့များဖြင့် ပေပွနေသော ဟက်စကီးကို အသံတိတ်သာ စိုက်ကြည့်နေလိုက်သည်။

“ဝူး ဝူး ဝူး ...”

သူမက ထုတ်မမေးဘဲပင် မနေနိုင်။

“ရှင်က ရှဲ့ယွင်နန်ကို မကြိုက်ဘူးလား ...”

“ငါက ဘယ်တုန်းက ရှဲ့ယွင်နန်ကို ကြိုက်ခဲ့လို့လဲ ...”

လုရှောင်ရန်က ပြန်ပြောလိုက်သည်။

“မင်းကို ဘယ်သူက ပြောတာလဲ အဲဒီ့လူတွေက သေချာပေါက်ကို ငါ့ကို အညှိုးထားနေကြတာပဲ ဖြစ်ရမယ် ...”

သူ၏ မျက်နှာအစစ်အမှန်ကို ရှချင်ထံ ထုတ်ပြမိပြီး ဖြစ်သည့်အတွက် ယခင်ထက်ပိုကာ စကားများလာ၏။

ရှချင်က ပြောလိုက်သည်။

“လူတိုင်းက ပြောနေတာ ...”

လုရှောင်ရန် “???”

ဒီလိုကိစ္စမျိုးလည်း ရှိနေသေးတာပဲလား ...

တကယ်ကြီးကို ရှိနေတာဟ!!!!

တစ်ပတ်ခန့် ကုသမှု ခံယူအပြီးတွင် သွမ့်ချန်ချင်းမှာ အားလုံးနီးပါး ပြန်လည်သက်သာလာတော့သည်။ ထို့အပြင် သူ၏ စိတ်စွမ်းအင် အပင်များအား ပျိုးထောင်သည့် ဝါသနာကိုပါ ဆက်လုပ်နိုင်လာတော့၏။

ထိုနေ့က အပင်များကို ရေလောင်းနေစဉ်အတွင်း တစ္ဆေဘုရင်၏ ငယ်သားတစ်ဦးက သူ့ကို ကြင်နာစွာဖြင့် သတိပေးလာသည်။

“သွမ့်ချန်ချင်း... ရှဲ့ယွင်နန်က မင်းအပေါ် အရမ်းကောင်းတယ်ဆိုပေမယ့် သေချာပေါက်ကို သတိရှိရမယ်နော် မဟုတ်ရင် .. မင်းသာ  ဂရုမစိုက်လို့ကတော့ သူ့ကို တစ်ခြားသူတွေက အလစ်သုတ်သွားလိမ့်မယ် ...”

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now