Intro

75 3 0
                                    

နိုင်ငံ ၏ ထိပ်တန်းမိသားစုများမှ မိသားစုဝင် တစ်ယောက်စီက လတစ်လ၏ လကွယ်ညတိုင်း ကိုယ်ပိုင်လက်နက်ကိုယူကာ အိမ်မှထွက်ခွာပြီး ထိုတစ်ညလုံး အပြင်ဘက်၌ ကိုယ့်အသက်ကို မသေအောင် ခုခံ ရသလို အခြားသူတစ်ယောက်ကိုလည်း သတ်ခွင့်ရှိသည်.....

စည်းမျဉ်းဟူ၍ မရှိ....

သို့သော် သဘောတူညီမှုဖြစ်သည့် လူနှစ်ယောက် ပြိုင်ပြီးတော့ တိုက်ခိုက်ကြရာ ရှုံးသွားသူကို အနိုင်ရရှိသူက သတ်ခွင့်လည်းရှိသလို လွတ်ငြိမ်းချမ်းသာခွင့်လည်း ပေးလို့ရလေသည်....

ထိုညတွင် အစိုးရသူမှာ ပြိုင်ပွဲ ၏ အနိုင်ရရှိသူသာ.....

မင်းပြိုင်ပွဲပြိုင်တာ ရှုံးသွားလေသလား?

ကျိန်းသေပြီ မင်း အသက်သေဖို့အတွက် ၉၉% လောက် သေချာနေပြီ.....

ထိုညကို ကျော်ဖြတ်ပြီး နောက်နေ့မနက် နေထွက်တာကို မြင်ခွင့်ရရင်တော့ မင်းအသက်ရှင်ပြီ....

ဒါမှမဟုတ်

အဲ့လူက အိမ်ကို မနက်မိုးလင်း နေထွက်တာတောင် ပြန်မရောက်ရင်တော့ နာရေးသာ လုပ်ကြတော့....

မျိုးရိုးမြင့် လူတန်းစားများအကြား မျိုးရိုးစဉ်ဆက်လုပ်လာလေသော ထိုပြိုင်ပွဲသည်ကား.....

သတ်ကွင်း....

....ပင်တည်း....။



ဆက်ရန်ရှိသည်....


..................


Lavender June 💜

သတ်ကွင်းWhere stories live. Discover now