ထိုနေ့ညက ပစ်ခွင်းလိုက်သည့် သေနတ်ကျည်ဆန်ကြောင့် လူက အောက်ဘက်သို့ ပြုတ်ကျနေသည်ကို သတိထားမိလိုက်သည်။ ထို့အတူ တစ်ခုခုမှ လွတ်မြောက်သွားသည့် ခံစားချက်.....
ထိုအချိန် ခေါင်းထဲ ဝင်လာသည့်အတွေးက အမြင့်ပေါ်တွေကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေက ဒီလိုမျိုး လွတ်လပ်သွားပြီဆိုသည့် အရသာကို ကြိုက်၍များ လုပ်နေလေခြင်းလား.....
သိပ်မကြာပေ ထိတွေ့လိုက်ရသည့် ရေပြင်.....
ရေပြင်ကို ထိတွေ့လိုက်ချိန်တွင်တော့ သတိပြန်ကပ်လာကာ လူမမြင်စေရန် ရေအောက်မှ ငုံ့ကာ အဝေးတစ်နေရာသို့ ကူးသွားလိုက်လေသည်။
ဝေးသည်ဟု ထင်သည့် တစ်နေရာ အရောက်တွင် ကျည်ဆန် စိုက်ဝင်ရာနေရာသို့ကြည့်သော် ကျည်ကာအင်္ကျီကြောင့် တော်သေးသည်ဟု ပြောရမည်။ ကျည်က နှလုံး တည့်တည့်ကို ပစ်လိုက်လိုက်သော်လည်း ကျည်ကာအင်္ကျီက မိမိ အသက်ကို ကယ်လိုက်သည်ပင်။
ထိုအချိန် အနောက်ဘက်မှ ကြားလိုက်ရသော ခြေသံကြောင့် ခါးထဲမှ ဓားမြှောက်ကို ထုတ်ကာ လှည့်၍ ထိုးမည်အလုပ်.....
"အား......"
အနီးကပ်မြင်လိုက်မှ မှတ်မိလိုက်သည်က....
ထိုသူက Amaya ပင်။
"Amaya ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ...."
ရင်းနှီးသည့်အသံကြောင့် မျက်လုံးဖွင့်ကြည့်ချိန် မြင်လိုက်ရသည်မှာ.....
"မမ..."
"ငါမေးတာကို ဖြေစမ်းပါ မင်းဒီကို ဘယ်လိုရောက်နေတာလဲ အသက်ကော ပြည့်ပြီလား...."
"ဟင့်အင်း မပြည့်သေးပါဘူး ဒါပေမယ့် လူသံကြားလိုက်လို့ အောက်ဆင်းကြည့်လာတာပါ...."
ထိုသို့ ပြောမှ Lavender လှမ်းကြည့်ချိန်တွင် မြင်လိုက်ရသည့် နန်းတော်အလား အိမ်ကြီးတစ်ခု....
"Amaya က Jones Family ကပါ.... ဒီနားက သစ်ပင်အိမ်လေးမှာ လာနေရင်း အသံကြားတာကြောင့် ဆင်းလာတာ ပြီးတော့ မမ ကိုတွေ့တာပဲ...."
"ငါ့နေရာမှာသာ တခြားသူသာဆို မင်းသေနေလောက်ပြီကွ...."
"ဟုတ်ကဲ့...."
YOU ARE READING
သတ်ကွင်း
ActionLavender Jonathan Black Treyton James Weston Marcellus Lucius Ferdinand Nerissa Elizabeth Merin Hazel Joseph Carter