ထိုနေ့ည.....
ကောင်းကင်ကြီးက အမှောင်ထုတွေ ဖုံးလွှမ်းနေကာ လမင်းကြီးဟာလည်း မရှိပေ။ မိုးတွေကလည်း ရွာနေသလို ဖေဖေကလည်း လာနှုတ်ဆက်လေသည်။
"သမီး.... ဖေဖေသွားတော့မယ်နော်..."
ဖေဖေ ကျွန်မ နဖူးပေါ်ကို အနမ်းလေးတစ်ပွင့်ခြွေခဲ့ပြီး ကျွန်မအား နောက်ကျောခိုင်းကာ ထွက်သွားလေသည်။
ထို့နောက် ကျွန်မ မေမေ့အသံကို ကြားလိုက်ရသည်မှာ....
"အကို.... ဒီမယ် အကို့သေနတ် ဂရုစိုက်နော်"
"ကိုယ်ဒီအထိရောက်လာပြီးပြီပဲကွာ စိတ်မပူလေနဲ့"
မေမေ့မျက်နှာကလည်းမကောင်းပေ။ မေမေ ဖေဖေ့အား ပေးလိုက်သော M20 SMG တစ်လက်....
ထို့နောက် ဖေဖေ က ထိုသေနတ်ကို ယူကာ ထွက်ခွာသွားလေသည်။
အင်း.... နည်းနည်းတော့ ထူးဆန်းတယ်မလား။ အဲ့တုန်းက ၁၀ နှစ်အရွယ် ကျွန်မက သေနတ်တွေကို ကောင်းကောင်းသိနေလို့.....
မိတ်ဆက်ရရင်တော့ ကျွန်မနာမည်က Lavender Jonathan Black ပါ Black Family ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး Black Gang ရဲ့ ဒုဂိုဏ်းချုပ်ဆိုလည်း မမှားပါဘူး။ အင်း..... အခုတော့ ကျွန်မက အသက် ၁၆ နှစ်ရှိပါပြီ။
၁၆ နှစ်နဲ့ ဒီလိုနေရာကို ရအောင်ယူထားတာ လွယ်တယ်လို့ ထင်ရင်တော့မှားသွားပါလိမ့်မယ်....။ ငယ်စဉ်ကတည်းက သေနတ်တွေနဲ့ ရင်းနှီးအောင် အမြဲလေ့ကျင့်ရပြီး အတိုက်အခိုက်မှာလည်း သူများတွေထက် သာအောင်လို့ အမျိုးမျိုးအပြင်းအထန် လေ့ကျင့်ခဲ့ရတာပေါ့လေ.....
နောက်ပြီး ကျွန်မရဲ့ အထူးကျွမ်းကျင်ရပ်တွေကတော့ Black Hacker အနေနဲ့ရယ် သေနတ်ဆိုရင်တော့ Sniper ပေါ့နော်.... အဲ့ဒါကြောင့်မလိုပဲ အင်းအားကြီးတဲ့ Black Gang ကို လူတွေက သိပ်ကြောက်နေရတာက ကျွန်မလို လူမျိုးရှိနေလို့ပဲ.....
အခု အသက် ၁၆ ဆိုတော့ ကျိန်းသေပေါက် ကျောင်းမပြီးသေးဘူးပေါ့ရှင်....
ကျွန်မတို့ Victoria (ဗစ်တိုးရီးယား) နိုင်ငံမှာ မျိုးရိုးမြင့် Family (၅) ခုရှိတယ်....
Black Family
Weston Family
Ferdinand Family
Merin Family
Carter Family
ဆိုပြီးရှိတယ်။
မျိုးရိုးမြင့်များပီပီ အမှောင်လောကနဲ့လည်း မလွတ်ကင်းကြပါဘူး။ Family တိုင်းမှာ Gang တစ်ခုစီကတော့ အနည်းဆုံးပိုင်ကြတယ်။
အဲ့လိုပဲ Victoria (ဗစ်တိုးရီးယား) နိုင်ငံရဲ့ အင်အားအကြီးဆုံး မိသားစု ၅ ခုမှာ စစ်တပ်တစ်ခုစီ ရှိကြပြီး ပိုက်ဆံအင်အား ၊ လူအင်အား တို့သည်လည်း သူ့ထက်ငါ အပြိုင်အဆိုင်ပင်။ ထို့အပြင် နိုင်ငံ၏ ဥပဒေဆိုသည်ကလည်း ထိုမိသားစု များ ၏ ပါးစပ်ထဲတွင်သာ.....
ဪ.... ခုနက ပြောတဲ့ ကျောင်းကိစ္စကို ဆက်ပြောမလို့....
Victoria (ဗစ်တိုးရီးယား) နိုင်ငံရဲ့ နံပါတ် ၁ တက္ကသိုလ် The Victoria University (TVU) မှာ computer science နဲ့ တက်နေတာပါ။ ဒါပေမယ့် ကျောင်းရဲ့ အတော်ဆုံးနဲ့ အချမ်းသာဆုံးကျောင်းသားတွေအတွက် The Genius Class ဆိုတဲ့ အတန်းလည်းရှိပါတယ်။
ကျွန်မကတော့ The Genius Class မှာလည်း တက်ရောက်နေပါတယ်။
မိသားစုကြီး ၅ ခုအတွင်းမှာ ကတောက်ကဆတို့ ရှိခဲ့ခြင်းကြောင့် "သတ်ကွင်း" ဆိုသည့်နေရာပေါ်လာပြီး လကွယ်ညတိုင်း သွားရောက်ရလေသည်။ ဒီနှစ် ကျွန်မ အသက် ၁၆ ပြည့်ပြီဆိုတော့ ကျွန်မ အသက်ပြည့်တာနဲ့ သတ်ကွင်း ထဲကို ဝင်ရောက်ရတော့မယ်လေ....
ဆက်ရန်ရှိသည်....
..................
Lavender June 💜
ESTÁS LEYENDO
သတ်ကွင်း
AcciónLavender Jonathan Black Treyton James Weston Marcellus Lucius Ferdinand Nerissa Elizabeth Merin Hazel Joseph Carter