အပိုင်း - ၁၂

41 3 0
                                    

"သူနဲ့ ဆိုရင်တော့ တစ်နည်းတော့ရှိတယ်..."

"ဘာနည်းလဲ...."

"ငါ့ ဆောင်ကြာမြိုင်တွေထဲက တစ်ခုမှာ ညငှက်လေးတစ်ကောင်အဖြစ် ရှင်သန်ခိုင်းလို့ရတယ်"

"ဪ..... ဖာသည်လုပ်ခိုင်းတာကိုး...."

ဘေးနားမှာ ရပ်နေသော Rowan က တစ်လုံးတစ်ခဲကြီး ပြောချမှုကြောင့် Marcellus တစ်ယောက် နင်သွားရလေသည်။

"မင်းကလည်းကွာ ဖြေးဖြေးပြောပါဟ... ဘယ်နှယ့် ကဗျာမဆန်လိုက်တာ...."

"ဖာသည် လုပ်ခိုင်းတာပဲ ကဗျာဆန်ဖို့ လိုလို့လားဗျာ..."

~အသဲနှလုံးမရှိတဲ့သူ... နင်က အသဲနှလုံးမရှိတဲ့သူ~

ဆိုပြီး Marcellus တစ်ယောက် ထပြီး သီချင်းဆိုပါလေရော။

Lavender ကတော့ ကြားထဲကနေပြီး ရယ်ရုံသာတတ်နိုင်တော့သည်။

"ကဲ... ဒီလိုလုပ်.... Rowan အဲ့ကလေးမကို ခေါ်လာခဲ့ ပြီးရင် ငါ့ဆောင်ကြာမြိုင်တစ်ခုကို သွားပို့ထားလိုက်ကွာ....

အဲ့ကနေမှ သူ့ကို အလုပ်လုပ်ခိုင်းပြီး သိန်း ၂ ထောင် မကျေမချင်း ဆပ်ခိုင်းမယ်....

ဘယ်လိုလဲ အကြံကောင်းတယ်မလား Lavender"

"မဆိုးပါဘူး ပိုက်ဆံပြန်ရရင်ပြီးရော"

Rowan က အပြင်ဘက်မှာ စောင့်နေသည့် လူတွေထဲက နှစ်ယောက်အား ခေါ်ကာ မြို့တော်ဝန် ၏ သမီးအား ခေါ်သွားခိုင်းလေသည်။

"ဖေဖေ မေမေ သမီးကို ကယ်ပါဦး"

ငိုယိုကာ ကယ်တင်ပေးဖို့ တောင်းဆိုနေသည့် ကလေးမကိုကြည့်ကာ Lavender သက်ပြင်းချမိလိုက်သည်။

"မင်းတို့တွေကို ငါရဲတိုင်မယ်...."

"တိုင်ရဲလား.... ဪ... ဒါနဲ့ ခုနက ငါ့နာမည်ကို အပြည့်အစုံမပြောလိုက်ရဘူး သေချာမှတ်ထား ငါ့နာမည်က Lavender Jonathan Black... Black Family ရဲ့ ဆက်ခံသူ ၊ တစ်နည်းအားဖြင့် ဒီနိုင်ငံရဲ့ ဥပဒေကို ချယ်လှယ်နိုင်သူ...."

ထိုသို့ပြောပြီး ကျောခိုင်း လှည့်ထွက်သွားသော Lavender....

ကျန်ခဲ့သည့် မြို့တော်ဝန်နှင့် ဇနီးဖြစ်သူတို့ကတော့ Black Family ရဲ့ အရှိန်အဝါကြောင့် မည်သို့မျှ မလုပ်နိုင်လေဘဲ ငိုယုံသာတတ်နိုင်တော့သည်။

Marcellus ကလည်း....

"ဪ.... ဒါနဲ့ မိတ်ဆက်ရဦးမယ်.... ကျွန်တော့် နာမည်က Marcellus Lucius Ferdinand ပါဗျ... Ferdinand Family ရဲ့ ဆက်ခံသူပေါ့ဗျာ... ဟဲဟဲ...."

ငိုနေသူများအရှေ့ စပ်ဖြီးဖြီးရယ်ကာ ထွက်သွားသော Marcellus ပါပင်။

..........

"Lavender ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားလဲ"

"နင့်ဆောင်ကြာမြိုင်မှာပဲ အဲ့ကောင်မလေးကို အလုပ်လုပ်ခိုင်းလိုက် ပြီးရင် ငါတို့ကို ပိုက်ဆံဆပ်ပေါ့...

သူမိဘတွေကိုတော့ ရာထူးကနေ ဖြုတ်ချလိုက်....

ဖြုတ်ချပြီးရင် စက်ရုံတစ်ခုမှာ အလုပ်ပေးပြီး အလုပ်လုပ်ခိုင်းလိုက်...."

"အဲ့ဒါဆို Nerissa တို့ စက်ရုံမှာထည့်လိုက်မယ်လေ..."

"သဘောပါရှင်...."



ဆက်ရန်ရှိသည်....


..................


Lavender June 💜

သတ်ကွင်းDove le storie prendono vita. Scoprilo ora