"Marcellus မင်းတစ်ယောက်ထဲလား ဟိုနှစ်ကောင်ရော...."
"ကျန်ခဲ့လေရဲ့ဗျာ... ငါကတော့ ဗိုက်ဆာနေပြီ...."
"ဒီမယ်ဟဲ့ ခေါက်ဆွဲတွေတော့ မှာထားတယ်"
"ကျေးကျေးပါဗျ..."
ထိုအချိန် ဘေးနားတွင် ငြိမ်သက်စွာ စားနေသော Hazel က.....
"ဟျောင့်.... မင်းကတော့ ဆန်းပွင့်တယ်နော်....."
"ဘာလို့လဲဟ..."
"မင်း ကန်တင်းထဲကို ဝင်လာကတည်းက အားလုံးရဲ့ အကြည့်တွေက မင်းစီမှာပဲလေ...."
"ဒီလိုပဲဖြစ်ရမယ်လေ"
နှစ်ယောက်သား ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာရယ်နေကြသည်။
"Nerissa ဖြေးဖြေးကြည့်ပါဟာ မျက်လုံးကြီးလည်း ကျွတ်ထွက်သွားဦးမယ်"
Hazel က သတိထားမိ၍ Nerissa အား သတိပေးလိုက်ချိန်....
"အဲ့ဟာမလေးတွေကို သတိထား သူတို့အကြည့်တွေက မရိုးသားဘူး"
သတ်ကွင်းထဲတွင် ၂ နှစ်လောက် ဖြတ်သန်းခဲ့ပြီး၍ တစ်ဖက်လူ ၏ စိတ်သဘောထားကို ထိုသူ ၏ မျက်လုံးကို ကြည့်၍ ခန့်မှန်းနိုင်ပေသည်။
Marcellus ကနေပြီး....
"ထားလိုက်ပါဟာ ကိုယ်နဲ့ အဆင့်ချင်းမတူတဲ့ဟာတွေကို ဂရုစိုက်မနေနဲ့"
လို့ပြောပြီး Marcellus နဲ့ Hazel ကတော့ မုန့်ကိုသာ ဆက်စားနေလေသည်။
Nerissa ကတော့ ဆက်ပြီး ဂရုမစိုက်ဘဲ နေလိုက်လေသည်။
ထိုအချိန် ကန်တင်းထဲသို့ ဝင်လာသော လူနှစ်ယောက်ကြောင့် ကန်တင်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားလေသည်။
"ဟော... ဟိုမယ် ကိုယ်တော်ချောနဲ့ မယ်တော်ချော တို့ ရောက်လာပါပြီဗျာ...."
Hazel ပြောသောကြောင့် Nerissa ရော Marcellus ပါ လှမ်းကြည့်လိုက်ချိန် တွေ့လိုက်ရသည်မှာ....
ကန်တင်းထဲသို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာသည့် Treyton နဲ့ Lavender.....
ထိုအချိန် ကန်တင်းထဲတွင် လမ်းလျှောက်လာသော ကောင်မလေးတစ်ယောက်ကို မြို့တော်ဝန် ၏ သမီးဖြစ်သူက ခြေထိုးခံလိုက်၍ ထိုကောင်မလေးက လဲကျကာ လက်ထဲတွင် ကိုင်ထားသော မုန့်ပန်းကန်များက မျက်နှာချင်းဆိုင်တွင် လမ်းလျှောက်လာသော Lavender ၏ ကိုယ်ပေါ်သို့ ဖိတ်ကျကုန်လေသည်။
VOCÊ ESTÁ LENDO
သတ်ကွင်း
AçãoLavender Jonathan Black Treyton James Weston Marcellus Lucius Ferdinand Nerissa Elizabeth Merin Hazel Joseph Carter