အပိုင်း - ၁၄

42 4 0
                                    

"Lavender နင့်ကို ဆရာခေါ်ထားတယ်နော်...."

Class ထဲ ဝင်ဝင်ချင်း ကြားလိုက်ရသည်က Nerissa ၏ လှမ်းပြီးပြောသံ.....

"အင်း... ဟုတ်ပြီ သွားလိုက်မယ်"

နောက်‌ကျောတွင် ပါလာသော ကျောပိုးအိတ်အား ခုံတွင်ချလိုက်ကာ ဆရာ Enzo ရဲ့ ရုံးခန်းထဲကို တည့်တည့်မတ်မတ်ကြီးကို လျှောက်သွားလိုက်သည်။

......

လမ်းတွင်....

"ဟို... ဟိုလေ... ဟိုတစ်နေ့က ဖြစ်သွားတဲ့ ကိစ္စအတွက်ကို Aurora တောင်းပန်ပါတယ်နော်"

မိမိ ၏ အရှေ့တွင် ပိတ်ရပ်ကာ အောက်ကိုသာ ငုံ့ကြည့်ပြီး တောင်းပန်စကားကို ဆက်တိုက်ပြောနေသော ကျောင်းသူအားကြည့်ပြီး Lavender အနည်းငယ်တော့ ရယ်မိသွားသည်။

အင်း.... မိန်းမ မာယာကို ကိုယ်တွေ့ကြုံဖူးသွားသည်ကိုး....

"ဟမ်... ဘယ်ကိစ္စကိုပြောတာလဲ"

ထိုသို့ပြောမှသာ မော့ကြည့်လာသော ကျောင်းသူလေး....

"ဟို... ဟင်းမှောက်ကျတဲ့ ကိစ္စလေ..."

မရဲ တရဲ နဲ့ ပြောလာပုံလေးက ချစ်စရာကောင်းသော်လည်း Lavender အတွက်တော့ ပုံမှန်ပင်။

Lavender အနည်းငယ် စဉ်းစားဟန်ပြုလိုက်ပြီး....

"အာ..... ငါကအဲ့ကိစ္စကို မေ့တောင်မေ့နေတာ... သိတယ်မလား အရေးကြီးကိစ္စတွေကများတော့ အရေးမကြီးတာတွေကို မေ့ပစ်လိုက်တာလေ....."

ထိုအချိန် ထွက်ပေါ်လာသော ဘေးနားတွင် ဂိမ်းဆော့နေသည့် ကျောင်းသားများထံမှ ဂိမ်းသံတစ်ခု....

"First blood...."

ပြုံး၍သာ ပြောလာသော်လည်း တစ်ဖက်လူအတွက်တော့ အဓိက နေရာကို ထိသွားသလိုပင် နာကျင်သွားရသည်။

သို့သော် Aurora တစ်ယောက်က လုပ်ပြုံးတစ်ခု ပြုံးလိုက်ကာ.....

"ဟို... ဟိုလေ အခုမှတ်မိသွားပြီဆိုတော့ သူငယ်ချင်း ဖြစ်လို့ရလားဟင်"

Lavender တွေးမိသည်က ထိုမိန်းကလေး မျက်နှာအတော်ပြောင်သည်ကို.....

"ငါကလေ ဉာဏ်ရည်ချင်းမတူတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်ဘူး"

သတ်ကွင်းWhere stories live. Discover now