အပိုင်း - ၅

45 2 0
                                    

"အရင်ဆုံး Time table ကိုပြောတာပေါ့ကွာ"

Enzo က screen ဖွင့်လိုက်ပြီး ကျောင်းမစခင်ကတည်းက ပြင်ဆင်ထားသော time table ကို ပြလိုက်လေသည်။

"ဒီမှာနော်.... ပထမဆုံး မင်းတို့ ငါးယောက်လုံး တက်ရမယ့် political ကို ဆရာလည်း သင်ပေးမယ် ဒါပေမယ့် ပုံမှန်ကျောင်းသားတွေအတိုင်းပဲ မင်းတို့က A-1 class မှာ သွားတက်ရမယ်....

ကျန်တဲ့ အချိန်တွေကလည်း အတူတူပဲ ပုံမှန်ကျောင်းသားတွေနဲ့.....

နောက်ပြီး Genius class ရှိမယ့်အချိန်ကို မင်းတို့ဖုန်းတွေစီကို အတန်းမစခင် နာရီဝက်အလိုလောက်မှာ mail ပို့ပေးလိုက်မယ်....

Genius class ရှိချိန်က တသတ်မတ်တည်း မဖြစ်နိုင်ဘူး....

နေ့ဘက် ဖြစ်ချင်ဖြစ်မယ် ညဘက်ဖြစ်ချင်ဖြစ်မယ်.... ဒါက ဒီနှစ်မှာ ပြောင်းလိုက်တဲ့ Genius class ရဲ့ စည်းမျဉ်းတွေပဲ.....

အဲ့လိုပဲ ပုံမှန် စာမေးပွဲတွေကတော့ ပုံမှန်ကျောင်းသားတွေနဲ့ အတူတူပဲ....

ဒါပေမယ့် Genius exam ကတော့ စစ်ချင်တဲ့အချိန်စစ်မယ်.... မင်းတို့ဘက်က ပြင်ဆင်ထားရုံပဲ....

ဘာမေးမယ်ဆိုတာကိုတော့ ကြိုမပြောဘူး..... မင်းတို့ရဲ့ ဉာဏ်အပေါ်ပဲမူတည်တယ်...

မရှင်းတာရှိလား ဘာမေးချင်ကြသေးလဲ"

ပုံမှန်ဆိုလျှင် ကျောင်းသားတွေနဲ့ လိုက်လျောညီထွေနေပြီး ပျော်ပျော်နေတတ်သည့် Enzo က စာသင်ချိန်တွင်တော့ တည်ငြိမ်သွားကာ ကျောင်းသားတိုင်း ကြောက်ရသည့် ဆရာတစ်ယောက်ဖြစ် လာလေသည်။

သို့သော် Enzo ကို မကြောက်သည့်သူဆိုလို့ Genius class က ထိုလူ ၅ ယောက်ပဲရှိလေသည်။

"ဟုတ်ဆရာ.... ဒါနဲ့ ကျွန်တော်တို့ တွဲယူမယ်ဆိုတဲ့ မေဂျာတွေကရော ဆရာ...."

ဟိုက်ပါပီပီ Treyton တစ်ယောက် တွဲယူမည့် မေဂျာကို ဆရာမေ့နေမှာစိုး၍ မေးလိုက်သော်.....

ကျန်လေးယောက် ၏ စူးရဲနေသော အကြည့်များက Treyton စီကို ရောက်ရှိလာလေသည်။

Lavender ကလည်း စာလုပ်သည့် ကျောင်းသားများထဲတွင် ပါသော်လည်း ယခုလိုမျိုး နေရာတကာ ဟိုပါဒီပါထဲတွင် Lavender မပါပေ။

သတ်ကွင်းDonde viven las historias. Descúbrelo ahora