အပိုင်း - ၂၂

36 3 0
                                    

"လကွယ်နေ့က ရောက်တော့မယ် မင်းတို့ ပြင်ဆင်ပြီးကြပြီလား...."

ဒီနေ့ မမူးတဲ့အပြင် သတ်ကွင်း အကြောင်းကိုပါ ပြောလာသော Hazel ကြောင့် Marcellus က အံ့ဩသွားကာ....

"အမယ်.... အရက်သမားက ဒီနေ့ မမူးပါလားကွ...."

"မင်းကလည်းကွာ ငါလည်း မမူးတဲ့နေရှိပါတယ်....

အဲ့ဒါတွေ ထားစမ်းပါ သတ်ကွင်းညက ဘယ်လောက်မှမလိုတော့ဘူး မင်းတို့ ဘယ်လိုစီစဉ်ကြမှာလဲ"

Hazel ကြီး အတည်ပေါက်ကြီး ပြောနေမှုကြောင့် Marcellus အပါအဝင် ထိုင်နေလေသော ကျန်သုံးယောက်လည်း စဉ်းစားလိုက်မိသည်။

"အရင်ဆုံး ဗျူဟာဆွဲကြတာပေါ့"

ဗျူဟာတွင် တော်လွန်းသည့် နာမည်ရှိသော Black Family ၏ ဆက်ခံသူ ပီပီ ဗျူဟာကို အသေအချာစတင်ဆွဲလေတော့သည်။

"ကဲ.... ပြီးပြီ...."

Whiteboard ပေါ်တွင် ရေးဆွဲပြီးကာ မောသွားဟန်ဖြင့် ဘေးနားတွင်ချထားလေသော မိမိ ၏ ရေဘူးအား ကောက်ကိုင်လိုက်ကာ မော့ချလိုက်တော့သည်။

Lavender ဆွဲထားသည့် ဗျူဟာအား ကြည့်ကာ ကျန်လေးယောက်က‌တော့ သဘောပေါက်ပုံမပေါ်သေးပေ။

"ဒါဆို ဗျူဟာကို စရှင်းကြတာပေါ့....

ဟိုနေ့က အဖေ့ကို မေးလိုက်တာ သတ်ကွင်း ဧရိယာထဲမှာ အထပ်မြင့် တိုက်ပျက်ကြီးတစ်ခုရှိတယ်လို့ ပြောတယ်....

ငါက အဲ့ တိုက်အပျက်ကို အလယ်ဗဟိုလို့ မှတ်လိုက်မယ်....

အဲ့ဒါကြောင့် အဲ့တိုက်အပျက်ကို အရင်ကြိုဦးထားဖို့တော့လိုတယ်.....

ဘေးနားမှာ လမ်းလေးခုရှိတယ်.... ကိုယ်နဲ့ အနီးဆုံး လမ်းတစ်ခုကိုရွေးပြီး ပွဲစတာနဲ့ လမ်းမှာ တွေ့သမျှတွေကိုသတ်.... မသတ်ရင်တောင် ငါ့စီကို မြှားခေါ်လာခဲ့....

ငါကတော့ တိုက်အပျက်ရဲ့ အပေါ်ဆုံးအထပ်မှာ sniper နဲ့ နေရာယူထားမယ်....

တိုက်က လမ်းလေးခုနဲ့ လမ်းကြောသင့်ပေမယ့်လည်း တိုက်ရဲ့ ဘေးနားမှာက ချောင်းတစ်ခု ရှိသေးတယ်ဆိုတာကိုတော့ မေ့ထားလို့မရဘူး.....

သတ်ကွင်းDonde viven las historias. Descúbrelo ahora