အပိုင်း - ၉

44 4 0
                                    

"အိမ်ပြန်ရောက်ပါပြီ..."

"အော်....ဟော... နောက်ဆုံးတော့ အိမ်ကပ်ပြီပေါ့လေ... ဘာလဲ... ပိုက်ဆံကုန်သွားလေသလား"

ဧည့်ခန်းတွင် ထိုင်ကာ သတင်းစာဖတ်နေလေသော ဖခင်ဖြစ်သူ မေးလေသည်။

"ပိုက်ဆံလောက်နဲ့တော့ ဂရုမစိုက်ပါဘူး အဖေရာ...."

"အို.... ဒါဆို အိမ်ပြန်လာတာ ဘာကိစ္စများပါလိမ့်..."

"မျက်နှာဖုံးလေလံပွဲကို စိတ်ဝင်စားလို့ ဖိတ်စာလာယူတာ...."

"ဟ... အိမ်ပြန်မလာတဲ့သူက အိမ်မှာ ဘာဖြစ်တာကအစ သိနေပါပေါ့လား"

အမြဲတမ်းလိုလို စကားပြောလျှင် အိမ်ပြန်မလာသော အကြောင်းကိုသာလျှင် ဘူတာစိုက်နေသော ဖခင်....

ဟုတ်ပေသည်။ Lavender က အသက် ၁၂ လောက်ကတည်းက မိဘနဲ့ အိမ်ခွဲနေပြီး ကွန်ဒိုမှာသာလျှင် အများဆုံးနေတတ်သည်။ သို့သော် Lavender ကွန်ဒိုမှာနေသည်ကို မိဘများနှင့် အနီးအနားရှိ လူယုံအချို့သာ သိသည်လေ။

"Who is me!!! လေ"

အသက်သာငယ်သေးတာ တာဝန်ကျေပွန်သူဖြစ်သည့် သမီးဖြစ်သူက အမြဲလေပေါ်မြောက်လျှင် ပြောတတ်သည့်စကားကို ပြန်ကြားလိုက်ရသည့်အတွက် Braylon Black တစ်ယောက် သဘောကျစွာ ရယ်မိလေသည်။

"အင်း.... လာဖိတ်ထားတာ နှစ်ရက်လောက်တော့ရှိပြီ Black Family ကို လာဖိတ်တာ ဟုတ်ပေမယ့် ငါ့သမီး နာမည်နဲ့ ဖိတ်စာ သပ်သပ်ရောက်လာတယ်.... ဟိုမယ် အဲ့ခုံပေါ်မှာတင်ထားတာ အခုထိ ဖွင့်တောင် မဖတ်ကသေးဘူး"

အရေးမကြီးသည်များကို ဂရုမစိုက်တတ်သည့် ဖခင်ဖြစ်သူကတော့ ထိုအကျင့်မှာ ငယ်စဉ်ကတည်းကနေ ယခုချိန်ထိ မပျောက်ပေ။

Lavender ဖိတ်စာအား သွားယူနေချိန် ဧည့်ခန်းရှေ့သို့ ရောက်လာသည့် မိခင်....

"အယ်.... သမီး ပြန်ရောက်နေတာလား..."

"ဟုတ်.... မေမေ"

"အတော်ပဲကွယ် မေမေ့ကို ကူပါဦး"

"ဟင်... ဘာကိုလဲ မေမေ"

"ဘာကမှာလဲ... သမီးအမေပေါ့ လူရင်းတွေပါဆိုပြီး ပိုက်ဆံ သိန်း၂ထောင်ကို လွယ်လွယ်နဲ့ ချေးပေးလိုက်သပါ့လေ"

သတ်ကွင်းWhere stories live. Discover now