Hazel အား လိုက်ပို့သောကြောင့် ယခု Nerissa ရော ၊ Lavender ပါ Hazel အိမ်သို့ ရောက်နေကြလေသည်။
"နင်တို့ ခဏနေဦး.... အိမ်တော်ထိန်းကို တစ်ခုခု စီစဉ်ခိုင်းလိုက်မယ်"
ယခုတွင်တော့ မူးပါတယ်ဆိုသောကြောင့် ဧည့်ခန်းထဲတွင် မှီကာ မျက်လုံးမှိတ်ပြီး စကားပြောနေသည့် Hazel....
"တော်ပြီ နင်ဒီမှာပဲ နေတော့မှာလား အိပ်ခန်းကို သွားနိုင်လား ငါလိုက်ပို့ပေးရမလား"
မူးတယ်ပြောပြီး ဧည့်ခန်းထဲတွင် ငြိမ်နေသော Hazel ကို Lavender နားမလည်၍ မေးလိုက်ခြင်းပင်။
"တစ်ယောက်ယောက်ကို စောင့်နေလို့နေမှာပေါ့...."
အခြေအနေအား နားလည်သည့် Nerissa ကတော့ အေးဆေးပင်။
"အယ်.... အကိုလေး ဘယ်လိုဖြစ်လို့ ခေါင်းမှာ ပတ်တီးကြီးနဲ့...."
ဧည့်ခန်းထဲသို့ ဝင်လာသည့် Zeke....
"ဟ..... သူက Nerissa တို့ Gang မှာ ထားခိုင်းထားတာလေ...."
မည်သည်မျှကို မသိလိုက်သည့် Lavender ကတော့ ဇာတ်ရည်မလည်သေးပေ။
"ဘာဖြစ်ရမှာလဲ.... ဒင်းပေါ့ Zeke ကို သူ့အိမ်ကို ခေါ်ထားချင်ပါတယ်ဆိုလို့လေ...."
ဒီလောက်ကိုပဲပြောလိုက်ပြီး Hazel တစ်ယောက် ထိုနေ့က Zeke ကို အပေါ်လိုက်ပို့ပြီး နာရီပိုင်း အကြာတွင် ပြန်ဆင်းလာချိန် ထော့နဲ့ ထော့နဲ့ ပြန်ဆင်းလာသည်ကို Nerissa မြင်၍ ဘာဖြစ်တာလဲမေးတော့ Zeke လက်ချက်ကြောင့်ဟု ပြောလာသောကြောင့် Nerissa နားလည် သဘောပေါက်သွားကာ Zeke ကို Hazel အိမ်သို့ ထည့်ပေးလိုက်ခြင်းပင်။
မထင်ထားသည်က Hazel လို ခန္ဓာကိုယ်ကြီးက ထိုသို့ ဖြစ်သွားသည်နှင့် Zeke ကလည်း Hazel ကို အဲ့လိုမျိုးကြီး လုပ်မည်ဆိုသည်ကို မယုံကြည်နိုင်ဖြစ်သွားသော်လည်း မြင်လိုက်ရသည်ကို လက်ခံလိုက်ကာ Zeke ကို ပို့လိုက်ပြီး Zeke ကလည်း ပျော်ပျော်ကြီးလိုက်သွားလေသည်။
"ဘာလို့ခေါ်ထားချင်တာလဲ"
အထက်တန်းတုန်းက အင်္ဂလိပ် ဆရာမလိုပင်။ မေးခွန်းတစ်ခုရဲ့ အနောက်မှ အမြဲတမ်းလိုလို Why? ဆိုသည်က ပါစမြဲပင် မေးတတ်သော Lavender.....
YOU ARE READING
သတ်ကွင်း
ActionLavender Jonathan Black Treyton James Weston Marcellus Lucius Ferdinand Nerissa Elizabeth Merin Hazel Joseph Carter