အပိုင်း - ၁၃

41 4 0
                                    

မိသားစု ၅ ခုရဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှင်းပြရရင်တော့ တစ်နေ့တည်းနဲ့ ပြောလို့ကုန်မှာတောင်မဟုတ်ပါဘူး။ နိုင်ငံရဲ့ အဓိက တွေကိုပဲ ချုပ်ကိုင်ထားတဲ့ ကျွန်မ ရဲ့ Black Family နဲ့ စတင်ပြောလိုက်ရတာပေါ့ရှင်။

Black Family ရဲ့ လူသိများတဲ့ အများအမြင်စီးပွား‌ရေးကတော့ နိုင်ငံ ရဲ့ စားသောက်ကုန် လုပ်ငန်းကို ဦးစီးထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားကုမ္ပဏီတွေ Group တွေမှာလည်း ရှယ်ယာဝင်ထားသလို Black Group လက်အောက်မှာလည်း ဒေဝါလီခံသွားရတဲ့ ကုမ္ပဏီတွေကို ပြန်လည်အသက်သွင်းပြီး လည်ပတ်စေထားပါတယ်။

နောက်ပြီး Black Family ရဲ့ အခြားနာမည်ကြီးတဲ့နေရာကတော့ နိုင်ငံရဲ့ ဝန်ကြီးချုပ်က Black Family ထဲက တစ်ယောက်ဖြစ်နေလို့ပါ။ တစ်နည်းအားဖြင့် ကျွန်မ အဖေပေါ့ရှင်။

အများက သိတဲ့ အကြောင်းကို အနည်းအပါးရှင်းပြပြီးသွားပြီ ဆိုတော့ နောက်ကွယ်က Black Gang အကြောင်းလေးကို စတင်ကြတာပေါ့။ ကျွန်မတို့မှာ မျိုးရိုးလိုက် အကျင့်တစ်ခုတော့ရှိတယ်။ အင်း... အဲ့အကျင့်က ကျွန်မ မှာလည်း ပါလာတာပေါ့....

အဲ့ဒါကတော့ ကျွန်မ တို့ မိသားစုက အတော့်ကို လောင်းကစားဝါသနာပါကြတယ်။ လောင်းကစားကို ဝါသနာပါပေမယ့် စီးပွားမပျက်တဲ့အပြင် ပိုပြီးတော့တောင် စီးပွားဖြစ်ကြပါသေးတယ်။ နောက်ပြီး ကျွန်မတို့မှာ limit တွေရှိကြပါတယ်။ ပွဲတိုင်းနိုင်ပြီး တစ်ပွဲလောက်ရှုံးပြီဆိုတာနဲ့ ချက်ချင်းပွဲကို ရပ်လိုက်ပြီး ရသလောက်ကိုပဲ ပိုက်ကာ အိမ်ပြန်လာတတ်ကြတာပါ။

အဲ့ဒါကြောင့်လည်း Black Gang က အဓိက လုပ်ကိုင်တာဆိုရင်တော့ အလောင်းကစားရုံတွေ ၊ ကာစီနိုတွေကို နေရာတိုင်းမှာ ဖွင့်ထားကြတာပင်။ အင်း..... အဲ့ကနေလည်း အတော်ဝင်ငွေများတာကိုး....

.......

Black Family ပြီးတော့ ကျွန်တော်တို့ Weston family အကြောင်းကို ဆက်ပြောပြရမှာပေါ့။

လူသိများတဲ့ အလုပ်ဆိုရင်တော့ ကျွန်တော်တို့ မိသားစုက စက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီပေါင်း မြောက်များစွာကို အုပ်ချုပ်တဲ့ Weston Group ဆိုတာကို ပိုင်တယ်ဗျ....။ ဒီ Group တစ်ခုထဲ နဲ့တင် တင်းတိမ်မယ်လို့ ခင်ဗျားတို့ ထင်ရင် မှားသွားလိမ့်မယ်။

သတ်ကွင်းWhere stories live. Discover now