အပိုင်း - ၁၆

36 3 0
                                    

Political အတန်းတွင် Energy များစုကို သုံးလိုက်ရသည့်အတွက် စိတ်ပင်ပန်းလာတာကြောင့် နားနေခန်းထဲတွင် အနားယူနေကာ "လေလွင့်နေသောအတွေးများ" ဆိုသည့် စာအုပ်လေးတစ်အုပ်ကို ထုတ်လိုက်ကာ တစ်ဝက်လောက်ထိ ရေးပြီးနေသော စာမျက်နှာ၏ အနောက်ဘက်က လွတ်နေရာကနေ စတင် ရေးလိုက်လေသည်။

ထိုသည်ကား.....

လူတစ်ယောက်ကလေ... သိပ်ဉာဏ်ကောင်းလွန်းသွားပြီဆိုရင်... အဲ့လူမှာ ရွေးချယ်စရာလမ်းနှစ်ခုရဲ့ အလည်တည့်တည့်မှာ လျှောက်လှမ်းနေရတယ်.....

ပထမလမ်းကတော့ Genius ဆိုတဲ့ လူတွေကို အကျိုးပြုတဲ့သူ...

ဒုတိယလမ်းကတော့ Psychopath ဆိုတဲ့ လူတွေကို ဒုက္ခပေးမယ့်သူ.....

အဲ့တော့ မင်းဆိုရင်ရော... ဘယ်လမ်းကိုရွေးမလဲ ပထမလမ်းလား? ဒါမှမဟုတ် ဒုတိယလမ်းလား?

ထိုစာအား ရေးနေရင်းဖြင့် ခေါင်းထဲတွင် ဝင်လာသည့် အဖြေမဟုတ်သော မရေရာသည့် အဖြေတစ်ခုမှာ....

အကယ်လို့ ငါသာ အလယ်တည့်တည့်မှာပဲ လျှောက်လှမ်းနေမယ်ဆိုရင် ဘယ်လိုဆက်ဖြစ်မလဲ....

"ဟဲ့... ဘာတွေတွေးနေတာလဲ.... ငါခေါ်တာတောင် မကြားရလောက်အောင်ထိကို..."

ဘေးနားတွင် ခေါ်နေသော Treyton ၏ အသံကို မကြားလေဘဲ ပုခုံးအား ပုတ်ပြီး ခေါ်မှသာ အတွေးတို့က ပျောက်ကွယ်သွားပြီး အသိစိတ်တို့ ပြန်ဝင်လာလေသည်။

"အဖြေမရှိတဲ့ မေးခွန်းအချို့ကို"

Treyton မျက်နှာချင်းဆိုင်တွင်ရှိသော ခုံတွင် ဝင်ထိုင်လိုက်ကာ......

"သိပ်လည်းမတွေးနဲ့ကွာ.... စိတ်ပင်ပန်းနေမယ်...."

Treyton အပြောကို ခေါင်းညိတ်၍သာ ထောက်ခံနေမိသည်။

"ဒါနဲ့ နင် ပန်းချီတွေ ၊ ကဗျာတွေ ၊ စာတွေ ပြန်မရေးတော့ဘူးလား"

မိမိ ၏ အနုပညာရသများကို ထိပ်ဆုံးကနေ အားပေးသော အမာခံပရိသတ်တစ်ဦးပင်လေ။

"ကဗျာတွေ ၊ စာတွေကတော့ မတင်သာ မတင်တာပါ.... ဒီစာအုပ်လေးထဲမှာတော့ အမြဲရေးဖြစ်တယ်"

သတ်ကွင်းDonde viven las historias. Descúbrelo ahora