"Bro.... မနေ့ညက တကယ်မိုက်တယ်ကွာ..."
ရောက်ရောက်ချင်းကြားလိုက်ရသည်က Marcellus ၏ အားရသည့်အသံ....
"ဟ... Who is me!!! လေ... အခုမှရောက်လာတဲ့ မိသားစုအသစ်ကို သတ်ကွင်းထဲ မဝင်ခင် အပြင်ကနေ သူတို့ကို ပညာလေးပေးလိုက်တာ ငါတို့တွေကို ကျော်လိုမရကြောင်းကို...."
ပြောလည်းပြော ရယ်လည်းရယ်နေသည့် နှစ်ယောက်ကို ကြည့်ကာ ကျန်သုံးယောက်ကတော့ ခေါင်း တခါခါနဲ့ပင်။
နောက်ပိုင်းတွေတော့ တစ်ခန်းလွတ် နဲ့ ကျပ်မပြည့် တို့ပေါင်းပြီး ဘယ်လိုတွေ မွှေမလဲမသိပါလေ။
"ဒါပေမယ့်လည်းဟာ နင်ပေးလိုက်တဲ့ ဈေးက မများဘူးလား"
"အဲ့လောက်လည်း မများပါဘူး Hazel ရယ်...."
"ပြီးတာပါပဲ.... ငါတော့ အတန်းသွားတက်တော့မယ် မင်းတို့လည်း သွားကြတော့"
ထိုအချိန် ငါးယောက်လုံး ၏ ဖုန်းထဲသို့ ဝင်လာသော mail တစ်ခု.....
ကလောင်....
ဖွင့်ကြည့်လိုက်ချိန်....
"နောက်နာရီဝက်အတွင်း ကျောင်း ၏ အားကစားခန်းမကို လာခဲ့ကြပါ။ အဲ့မှာ ကိုယ့်နာမည်ပါတဲ့ အခန်းထဲကို ဝင်ပြီး စာမေးပွဲကို ဖြေဆိုပေးပါ။ စောစော ရောက်လာသူသည် ပို၍ပင် အကျိုးအမြတ်များပေမည်။"
ဆိုသည့် ခပ်တိုတို တုတ်တုတ် စာပိုဒ်လေး.....
စာမေးပွဲ ဆိုသည်ကြောင့် ငါးယောက်သား သူ့ထက်ငါ အရင်ရောက်ရန် စတင်ပြေးရလေတော့သည်။
.....
သိပ်မကြာပေ။ ငါးယောက်လုံး စက္ကန့်အနည်းငယ်ပဲခြားကာ ရှေ့ဆင့်နောက်ဆင့် အားကစားခန်းမသို့ ရောက်ရှိကြလေသည်။
အာကစားခန်းမထဲသို့ ဝင်လိုက်ချိန် တွေ့လိုက်ရသည်မှာ....
မှောင်မဲနေပြီး နေရာခြားထားသော အခန်းငါးခုက လွဲလျှင် ကျန်သည့်နေရာများက အမှောင်ပကတိ အတိုင်းပင်။
ကိုယ့်နာမည်ကို ကပ်ထားသည့် အခန်းကို တွေ့သည်နှင့် သက်ဆိုင်သူများက အပြေးသွားရောက်ကာ အထဲသို့ ဝင်သွားကြချေပြီ။
YOU ARE READING
သတ်ကွင်း
ActionLavender Jonathan Black Treyton James Weston Marcellus Lucius Ferdinand Nerissa Elizabeth Merin Hazel Joseph Carter