💙💙💙
ချစ်သောရေ...
အပူရှိန်တွေလွန်ကဲလာလေတော့
တိမ်ကျဲတဲ့အရပ်ကလှမ်းကာ
တောင်ပေါတဲ့အရပ်ဆီမှန်းလို့
စိုးရိမ်စိတ်ကလေး ဝင်မိသေးရဲ့။
ပိုရန်ကောလို့ ဆိုလိမ့်ဦးမလား
တိမ်ပဲထူထူ နေပဲပူပူ သတိရခြင်းမှာတော့
ထုထည်ဟာအတူတူပါပဲကွယ်။အယ်နီညိုဝင်ရောက်ချိန်မို့ ဥတုဟာပိုပူပြင်းသတဲ့
တတ်များတတ်နိုင်ရင်လေကွယ်
ခေါင်းပေါ်ကတိမ်လေးတွေရွှေ့
မင်းရှိရာအရပ်ဆီရွေ့စေလိုက်မယ်
လာနီညာရပ်ဝန်းလေးလိုဝယ်
သူလေးတစ်ယောက်တော့ အေးချမ်းစေချင်တယ်။ချစ်သောရေ...
ခရမ်းလွန်ရောင်ခြည်တွေဟာ
လူ့သက်တမ်းကို စုပ်ယူနေကြလည်း
မင်းကိုတော့ဖြင့် ခရမ်းရောင်လေးလို
အအေးဓာတ်တွေ ဆောင်ကြဥ်းပေးချင်တယ်။
အိုဇုန်းလွှာဘယ်လောက်ပေါက်ပေါက်
နေဟာဘယ်လောက်တောက်တောက်
မေတ္တာရေကိုတော့ ဘယ်ခမ်းခြောက်စေနိုင်ပါ့မလဲ
ချစ်ခြင်းတရားကို မြစ်ဖျားခံလို့
အကြင်နာဓာတ်ကလေး စီးဆင်းစေမယ်
ဒီအလျင်ကြောဝယ် လွင့်မျောပါရင်း
ချစ်သောရင်ထဲ အစဥ်ချမ်းမြေ့ပါစေကွယ်။6.3.2024 (Wed)