စိတ်တွေပင်ပန်းတယ် မေမေ...
ပိုင်ဆိုင်ထားတယ်ထင်ခဲ့မိသမျှကလည်း တကယ်တမ်းကျ ဗလာနတ္ထိပါပဲ။အနားမှာအမြဲရှိမယ်ထင်ခဲ့တဲ့အရိပ်တွေဟာလည်း နေတစ်ပြောက်စာအလွန်မှာ အကုန်ကွယ်ပျောက်သွားကြတာပါပဲ မေမေ...
အရေအတွက်တွေသာများနေခဲ့ပြီး အရည်အသွေးနိမ့်လေတဲ့ ဒြပ်တွေဟာ လူတွေပဲလို့ မြင်လာမိတဲ့ နေ့စွဲတွေထဲ အားလုံးဟာ အတုအယောင်တွေပဲလို့ ခံစားနေမိခဲ့တာ မှားလေသလား မေမေ...
ဒါမှမဟုတ် အမှန်တရားကို နားလည်သိမြင်လာတဲ့အခါ သီးသန့်ရပ်ဝန်းလေးထဲမှာ တစ်ကိုယ်ရည်သာ နေထိုင်ချင်လာတဲ့စိတ်ဟာ အထီးကျန်ခြင်းများ ဖြစ်နေခဲ့မလား...
ပြွတ်သိပ်မှုဟာ မွန်းကြပ်စရာကောင်းမှန်း သိပါတယ် မေမေ။ မြိုချမိတဲ့စကားလုံးတွေဟာ ဘယ်တော့အန်ထွက်လာမလဲမသိပေမဲ့ ရင်တွင်းဆီကိုမျှောပစ်လိုက်ဖို့သာ ရွေးချယ်ပါဦးမယ် မေမေ...
ဒီလိုနဲ့ တတ်နိုင်တာမရှိ လက်မှိုင်ချမိတဲ့ကာလတွေထဲ နေပျော်အောင်ကြိုးစားရင်းနဲ့ပဲ စိတ်တွေနွမ်းနေခဲ့ရတယ် မေမေ...။
31.7.2024(Wed)
11:11p.m