for her🌹

30 1 2
                                    

အချစ်ရေ...မင်းက တိမ်တွေကိုချစ်တယ်။ တို့ကဖြူစွတ်စွတ် တိမ်လုံးလေးနဲ့တူတဲ့ မင်းကိုချစ်တယ်။

မင်းက ပန်းတွေကို နှစ်သက်တယ်။တို့က ပန်းလေးလို အဆင်းရှိတဲ့ မင်းကိုနှစ်သက်တယ်။

မင်းကအပြာရောင်တွေကို သဘောကျတယ်။တို့က အပြာရောင်လေးလို ငြိမ်းချမ်းစေတဲ့မင်းကို သဘောကျမိပါတယ်။

ဒီကမ္ဘာမှာ မငြီးမငွေ့နဲ့ တို့အမြဲငေးကြည့်ချင်မိတဲ့အရာတွေရှိတယ် အချစ်ရဲ့။အဲဒါ မင်းရယ် မင်းရယ် မင်းရယ် နောက်...ပန်းတွေ၊တိမ်တွေနဲ့အပြာရောင်တွေပဲပေါ့ အချစ်ရယ်။

အချစ်ရေ...မင်းက ရှုပ်ထွေးခြင်းတွေကြားက တို့အတွက် အကြည်ဓာတ်လေး...
နွမ်းလျခြင်းတွေကြားက တို့အတွက် အားအင်လေး...
မှောင်မိုက်ခြင်းတွေကြားထဲက တို့အတွက် အလင်းတန်းလေးပါပဲ။

ဒီပန်းလေးနဲ့အတူ အချစ်လမ်းလေး စတင်လျှောက်လှမ်းလာခဲ့တာ ဒီနေ့ဆို အမှတ်တရနေ့လေးတစ်ခုကိုရောက်လာခဲ့ပြီ။ ၃၁ရက်မှသည် ၃၆၅ရက်၊ တစ်လတာ ကာလမှသည် တစ်သက်တာထာဝရတိုင် အတူယှဥ်တွဲလျက် ချစ်နေရှိနေချင်တာ နေ့ရက်တိုင်းပန်မိတဲ့ဆုတွေပဲပေါ့ အချစ်ရဲ့။

လက်လေးကိုဆွဲလို့ လမ်းလေးလဲ တွဲလျှောက်ကြမယ်။ကျောလေးကိုသပ်လို့ ပွေ့ဖက်ကာ ချော့သိပ်ပါ့မယ်။လက်ညှိုးညွှန်ရာရေမဖြစ်လဲ အချစ်လိုရာ အကုန်ဖြစ်စေမယ်။တို့ဘုံတို့နန်းမှာ မင်းသမီးလေးလို စံစားပါကွယ်။

အချစ်ရေ...လောကမှာထပ်တူမကျနိုင်တာတွေများလည်း တို့နှစ်ယောက်အချစ်တွေတော့ ထပ်တူကျခဲ့ကြတယ်။မေတ္တာချင်းမျှကြသတဲ့ ဘယ်လောက်တောင်နားဝင်ချိုလိုက်သလဲ။ ညီမျှစွာတုံ့ပြန်ပေးလာတဲ့ ချစ်ခြင်းတရားတွေအတွက် သိပ်ကိုလဲကျေးဇူးတင်ရပါတယ်။

အချစ်ကိုချစ်ခြင်းအားဖြင့် လုံခြုံနွေးထွေးစေမယ်။ အပြောမကျယ်ဘဲ စိတ်ကွယ်ရာလဲ မဖောက်ပြားပါဘူးလို့သစ္စာပြုမယ်။ဒီနေ့မှသည် ချစ်သက်တွေရှည်ကြာတဲ့အထိ အချစ်နားမှာရှိသွားပါ့မယ်လို့ ကတိပြုပါတယ်။ဆန္ဒလေးများပြည့်ခဲ့ရင်ကွယ် လှပစွာကြီးပြင်းလာမဲ့ ဒီကလေးလေးနဲ့ နှစ်ယောက်အတူတောက်ပခွင့်ရမဲ့ အချိန်တွေထိ တစ်ဝကြီးအကြာကြီး ချစ်သွားချင်ပါသေးတယ် အချစ်ရယ်။

25.5.2024(Sat)

🌻+🌹=💙

Happy 1st Monthsary babe🎉🎊
I love you more than you know😘

made by heartWhere stories live. Discover now