7

21 1 0
                                    

နာရီလက်တံလေးဟာ တစ်ရက်တာရဲ့နောက်ဆုံးသောအချိန်ကာလတွေဆီဦးတည်လို့ တဖြည်းဖြည်း ရွေ့လျားလာခဲ့လေပြီ။တစ်နည်းအားဖြင့်ဆိုရင်တော့ နေ့တစ်နေ့ရဲ့ အိပ်စက်အနားယူချိန်တွေဆီ ရောက်ရှိလို့လာခဲ့ပြီပေါ့။

သုံးတန်သော အချိန်အပိုင်းအခြားတွေမှာ မွန်းကြပ်ဖွယ်ဝန်ထုပ်တွေကြား လူရောစိတ်ပါ ပင်ပန်းခဲ့ရပြီမဟုတ်လား။တိတ်ဆိတ်တဲ့ညလေးမှာတော့ ကောင်းမွန်သောအတွေးတွေကိုသာ ဖက်တွယ်ရင်း ကုန်ဆုံးလိုက်ပါတော့။

ဒီအခိုက်အတန့်လေးမှာပေါ့ ဖတ်လက်စ စာအုပ်လေးကိုပဲ အဖော်ပြုချင်ခဲ့လေမလား၊ငြိမ့်ညောင်းတဲ့သံစဥ်တစ်ခုမှာပဲ စီးမျောလို့လိုက်ပါချင်သလား၊မျက်လုံးလေးမှိတ်ကာ ငြိမ်သက်ခြင်းရဲ့ အရသာကိုပဲ ခံစားလို့နေချင်ခဲ့သလား ဒါမှမဟုတ် အာကာပြင်ကိုငေးမောရင်း စကားတွေများပြောချင်ခဲ့မလား။ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ဆန္ဒရဲ့ဦးဆောင်မှုမှာတော့ စိတ်ကလေးအေးချမ်းပါစေပေါ့။

စကြာဝဠာကြီးထဲမှာ မျက်နှာလိုက်စွာ မေတ္တာလေးပိုစောင်းလို့ အလေးချိန်လေးသာစေလိုက်မယ်။အဆင်ပြေချမ်းမြေ့ပါစေကြောင်း လေပြေနဲ့အတူ ဆုတောင်းစကားပါးလိုက်သေးရဲ့။ လေအဝှေ့မှာ ဆံစလေးလှုပ်ခတ်သွားတဲ့အခါ မနက်ဖြန်တိုင်းမှာ ပို၍ရယ်မောပျော်ရွှင်နိုင်ပါစေကွယ်။

ကောင်းသောညလေးဖြစ်ပါစေလေ။ကောင်းသောအငွေ့အသက်များသာ ထိတွေ့ခံစားခွင့်ရပါစေ။ကောင်းသောမနက်ဖြန်မှာ ကံကောင်းခြင်းတွေသာ ဆီးကြိုနှုတ်ဆက်ကြပါစေ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်ဆိုရင်တော့ဖြင့် အိမ်မက်လှလှလေးတောင် ကြားညှပ်လို့ မမက်စေချင်ခဲ့ပါဘူးကွယ်။

goodnight.....

25.3.2024(Mon)

made by heartWhere stories live. Discover now