အချစ်က ဘာလဲလို့မေးရင် ငိုချင်ရဲ့လက်တို့လေးလို့ပဲ ဖြေမိလိမ့်မယ်ထင်ပါတယ်။တစ်ခါတစ်လေ ဟောက်လိုက်ရင် မျက်နှာလေးငယ်တတ်ပြီး ထွေးပွေ့လိုက်ရင်လည်း ရင်ခွင်ထဲအတင်းတိုးဝင်တတ်သေးတယ်...
ဂျစ်ကပ်ကပ်အဆိုးလေးက သိပ်ဆိုးလာပြီဆို ခေါ်ရင်လည်းမလာတတ်သလို လိုက်ဖမ်းရင်လည်း ပြေးပြန်လေရော မောလာရင်တော့ သွားလူဆိုးလို့ မျက်စောင်းလေးခဲ ရန်လေးလည်း ထောင်တတ်သေးရဲ့...
အစပ်မကြိုက်တဲ့သူလေးက sad endingတွေတော့သိပ်ကြိုက်ပြီး ဘာဖြစ်လို့လဲမေးတဲ့အခါ ပျော်စရာတွေထက် ဝမ်းနည်းစရာတွေက အမြဲတမ်းအတွက် ရင်ထဲမှာစွဲကျန်ရစ်နေတတ်တယ်ဆိုတဲ့အကြောင်း မျက်ရည်လေးဝဲလို့ ဆိုပြန်တယ်...
အချစ်က အဆိုးလေးဆို အဆိုးလေးကလည်း ချစ်မဝလေးပါပဲ။ ဒီအဆိုးလေးကိုဖြင့် ချစ်လိုက်ရတာလို့ ကိုယ်ဆိုလေတဲ့အခါ ကိုယ်ဖော်ပြတဲ့ ချစ်ခြင်းရဲ့အဓိပ္ပါယ်ဟာ သေချာပေါက် ဒီအဆိုးလေးကို ရည်ညွှန်းနေမှန်းသိနေခဲ့လို့ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ ကိုယ့်ကို တစိမ့်စိမ့်ကြည့်ကာ ပြုံးရယ်နေခဲ့လေရဲ့.....
1.4.2024(Mon)