ချစ်သောရေ.....
ဆံပင်လေးကောက်တာကအစ စိတ်လေးကောက်တာအဆုံး ကိုယ့်မှာကြည့်မဝ ချစ်မဝ...
အိလှတဲ့ပါးလေးများမှာ ငြိမိတွယ်မိတာကလဲ အခါခါ
သိပ်လှတဲ့နှုတ်ခမ်းပါးလေးမှ စကားသံလေးများကလဲ သာသာယာ...ကြည်လဲ့လဲ့မျက်ဝန်းညိုလေးထက်မှာများ ချစ်မွှေးလေးတွေ အစီအရီသွယ်တန်းလို့နေသလား...
ချစ်မေတ္တာတွေဟာ ကိုယ့်မျက်ဝန်းတွေထိပါ တဖိတ်ဖိတ်တောက်ပစွာ...ပါးနုနုအထက် မျက်ဝန်းထောင့်လေးအဆက်က တစ်စုံသောမှဲ့နက်လေးများဟာ အဖန်တစ်ရာ ဝပ်တွားခစားချင်မိခဲ့တဲ့နေရာ၊ နောက်... အပြန်တစ်ရာ ခိုနားချင်မိခဲ့တဲ့ ဧရိယာလေးများပေါ့...
ကောင်းခြင်းအဖြာဖြာနဲ့ပဲ ပြည့်စုံရော့လေသလား ချစ်သောရဲ့...
မျက်မှန်လေးတပ် အနားကိုကပ် နှစ်လိုဖွယ်အပြုံးတစ်ချက်ကြောင့် ကွေးညွှတ်ရာချိုင့်နက်လေးထဲ နှလုံးသားဟာ ယိမ်းရတိမ်းရ ကြွေရဆင်းရပြန်တယ်...မျက်ခုံးတစ်ဖက်ကိုပင့် အပြုံးလေးဆင့်ကာ စိန်မခေါ်နဲ့ အချစ်ရယ်... ဒူးမထောက်လက်မမြှောက်ပေမဲ့ လက်လေးပိုက် ခေါင်းလေးငိုက်လို့ လိုရာလိုက်ကာ အလံဖြူပြမဲ့သူပါကွယ်...
တစ်မူထူးတဲ့ နှုတ်ခမ်းဖူးဖူးလေးကို တဆူဆူငြူစူပြလေတိုင်း အသိဉာဏ်တစ်ခုလုံး မူးရရူးရပါတယ်ဆိုခဲ့ရင် ချစ်သောတစ်ယောက် ရယ်လိမ့်ဦးမလားကွဲ့။
ဖြူဥဥခြေထောက်လေးထက် နေပြောက်လေးတစ်စက်ကျမှာကိုတောင် တွေးပူမိသူကိုယ့်မှာ ချစ်သောရှိရာအရပ်ဆီ လေလေးဖြူးလို့ တိမ်လေးလည်းမြူးစေချင်ခဲ့တာ နေ့စဥ်ရက်ဆက်တိုင်းပါပဲ...
တစိမ့်စိမ့်လဲ ကြည့်မဝပါတယ် အချစ်ရယ်...
တသိမ့်သိမ့်လဲ ချစ်မဝဘူးကွဲ့ အချစ်ရဲ့...
အနောက်မြောက်တိုင်းကိုမျက်နှာမူလို့ မေတ္တာစိတ်လေးပွားနေဦးမယ် ချစ်သောတစ်ယောက်ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်...#for her🌹
11.5.2024(Sat)
