3

37 3 0
                                    

တို့ကတော့ ချစ်မဝလေးဆိုတာထက် အိပ်မဝလေးဖြစ်ရတာကို ပိုနှစ်သက်တယ်။

လေးလံလာတဲ့မျက်လုံးလေးကိုမှိတ် ဟိုဘက်ဒီဘက်လှိမ့်လို့ အိပ်ရတဲ့အချိန်ဟာ စည်းစိမ်သုခတစ်မျိုးပါပဲ။

မအားလပ်တဲ့အချိန်တွေထဲ ကြားညှပ်လို့အိပ်ရလဲ လန်းဆန်းစေခဲ့တာ အိပ်စက်ခြင်းကပေးတဲ့ အင်အားပဲပေါ့။

တစ်ခုခုကိုစောင့်ဆိုင်းပြီး ဖြတ်သန်းရတာ ပင်ပန်းရသလောက် အိပ်ချိန်တွေဆီ လက်ချိုးရေလို့ လျှောက်လှမ်းရတာတော့ ပျော်စရာပဲမဟုတ်လား။

တစ်နေ့တာရဲ့ နောက်ပိုင်းသောအချိန်တွေမှာ ပင်ပန်းသမျှ ခြေပစ်လက်ပစ်လှဲချမိတဲ့အခါ ကျောနဲ့မွေ့ယာထိတွေ့သွားချိန်ဟာ ပျော်ရွှင်မှုကို စုပြုံခံစားမိစေသတဲ့။

ဟော...နိုးထလာပြန်တော့လည်း မျက်ခွံလေးကို အသာအယာပွတ် ဆန့်ထုတ်လိုက်တဲ့လက်ကလေးနှစ်ဖက်နဲ့အတူ အိပ်ချင်မူးတူးဖြစ်နေခဲ့တဲ့ပုံစံလေးလောက် ချစ်စရာကောင်းတာမျိုး ဘယ်မှာရှိနိုင်ဦးမှာလဲ။

ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ရခြင်းဟာ မင်္ဂလာ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ခြင်းမှာ လန်းဆန်းတက်ကြွစွာ။
အိပ်မက်ထဲမှာ ပုံရိပ်လေးတစ်ခုကို မြင်တွေ့ခွင့်ရခြင်းကတော့ ချစ်ခြင်းမေတ္တာပဲပေါ့ကွယ်။

💙💙💙

made by heartWhere stories live. Discover now