အရာအားလုံးဟာကောင်းဖို့ချည်းဖြစ်လာတာမျိုးမဟုတ်တောင် ကောင်းအောင်ကိုယ်ကပြန်ပြီးကြိုးစားယူလို့ရတာမို့ နာကျင်ခြင်းတွေကို အချိန်အကြာကြီးလက်ခံထားရင်း ကိုယ့်ကိုယ့်ကိုယ် မညှင်းဆဲပါနဲ့ ကလေးရေ။
ဘဝဟာတိုတိုလေးလို့ဆိုကြတယ်ကွဲ့။ဘဝဟာသိပ်တိုကြောင်းကိုလည်း ရုတ်တရတ်ဆိုတဲ့အဖြစ်အပျက်တွေဟာ ကိုယ့်ပတ်ဝန်းကျင်မှာ မျက်မြင်ထင်ရှားသက်သေပြလို့နေကြတယ်။
ဒီတိုတောင်းလှတဲ့အချိန်လေးမှာ နာကျင်ခြင်း၊ ဝမ်းနည်းခြင်း၊လေးလံခြင်းတွေကို ရင်ဝယ်ပိုက်ထားရင်း ဘာလို့များ အချိန်တွေကုန်ဆုံးခံဦးမှာတဲ့လဲ။ လွှတ်ချသင့်တာလွှတ်ချလို့ ရှေ့ဆက်လျှောက်ကြတဲ့အခါ လွတ်လပ်ပေါ့ပါးမှုကသာ ပိုပြီးခရီးတွင်စေမယ်မဟုတ်လား ကလေးရေ။ကလေးရေ အထိအရှများတဲ့ကာလတွေကြားမှာ ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ပေး။ကိုယ့်ကို ချစ်ခင်သူတွေရှိနေသေးတာကိုလည်း သတိရပေး။ စကြဝဠာကြီးရဲ့ တစ်ထောင့်တစ်နေရာမှာတော့ မင်းဟာကြီးမားတဲ့လိုအပ်ချက်ဖြစ်နေခဲ့ကြောင်းကိုလည်း ယုံကြည်လို့ပေးပါ။
အကျည်းတန်တဲ့နေ့စွဲတွေအလွန်မှာ ရယ်သံလွင်လွင်လေးတွေ ပြန်ကြားချင်တယ်။အပြုံးနုနုလေးလည်းပြန်မြင်ချင်ပါသေးရဲ့။ကွေကွင်းခြင်းရဲ့အဆုံးသတ်ဟာ ပိုမိုကောင်းမွန်သောဆုံဆည်းခြင်းရဲ့နိဒါန်းတစ်ခုရယ်လို့ လက်ခံယူကြရင်း မနေပျော်ခြင်းတွေများတဲ့လောကကြီးမှာ နေပျော်အောင်ကြိုးစားနေထိုင်ရင်းနဲ့သာ ကိုယ်တိုင်ပျော်ရွှင်မှုကို ဖန်တီးယူနေရခြင်းကိုက ရှင်သန်ခြင်းပါပဲ ကလေးရေ။
💙💙💙