10

42 2 2
                                    

ဆရာတာရာမင်းဝေရဲ့စာလေးဖတ်ဖူးခဲ့တယ်...အလွမ်းဆိုတာ လွမ်းခံရတဲ့သူကသာဘာမှမသိတာ လွမ်းရတဲ့သူကတော့ ကမ္ဘာပျက်သလိုပဲတဲ့။

ဆရာမခင်ခင်ထူးက ဆိုပြန်တယ်...အလွမ်းဆိုတာ အထက်တန်းကျတဲ့ခံစားချက်ပါတဲ့လေ။

ဟော...နွေဆိုတာ မေတ္တာသက်ဝင်နေသူအဖို့ နှစ်နှစ်ကာကာလွမ်းရပြန်သတဲ့။

တို့လည်းဒီလိုပဲမို့ အချစ်ရေ... လွမ်းနေတဲ့စိတ်လေးကိုလဲ သိစေချင်တယ်။ နွမ်းနေတဲ့အဖြစ်လေးကိုလဲ ရိပ်မိစေချင်တယ်။ခွေခွေလေးနေပြီး တွေတွေလေးဆွေးနေမိခဲ့ကြောင်းကိုလည်း စိတ်တံခါးလေးဖွင့်ပြီးကြည့်စေချင်မိပါရဲ့။

ရက်ရောစွာကမ်းခဲ့တဲ့ မေတ္တာလက်လေးအား သနားကြင်နာတတ်ခဲ့မယ်ဆိုရင်ဖြင့် အလွမ်းတွေရစ်သီလို့ ပန်းနေခဲ့တဲ့ဒီရုပ်နာမ်ကြီးကို ငဲ့ကွက်လို့ပေးပါကွယ်။ထည့်တွက်လို့ ပေးပါကွယ်။ချစ်ခြင်းတရားနဲ့ ထွေးပွေ့လို့နွေးစေပါတော့ကွယ် အချစ်ရယ်....

10.4.2024(Wed)

made by heartWhere stories live. Discover now