ငေးမကြည့်ပါဘဲ တွေးကြည့်မိရုံနဲ့ ရင်ကိုနွေးစေတဲ့လူသားလေးပါပဲ။အန္တာတိကရဲ့ရေခဲပြင်တွေက သိပ်အေးမယ်လို့ထင်ခဲ့သမျှ ဒီဖြစ်တည်မှုလေးနဲ့ဆုံရမှ အေးချမ်းခြင်းဟာ လူသားတစ်ယောက်ဖြစ်မှန်း သိခဲ့ရလေတယ်။
အချစ်ကိုကြောက်ပြီး မေတ္တာတရားကိုသိမ်းဆည်းခဲ့သူကိုယ့်မှာ ချစ်ခြင်းမေတ္တာဟာ ဒီတစ်ခါ လွန်ကဲစွာ ထိုနာမ်ကလေးဆီကိုသာ တည့်တည့်တိုးဝင်နေချင်မိပြန်တယ်။
ဘာသိဘာသာထားတတ်တဲ့ စိတ်ကလေးတောင် လှုပ်ခါလွန်းခဲ့တာမို့ ကြွေဆင်းတယ်ဆိုတဲ့ ဝေါဟာရကိုသုံး ချစ်ခြင်းရဲ့အနက်အဓိပ္ပါယ်တွေ သီကုံးဖွဲ့ခဲ့မယ်ဆိုရင်တောင် လုံလောက်မယ်မထင်ဘူးကွဲ့။
နစ်ဝင်ပြီးခဲ့ပြီမို့ ရစ်နွယ်မိသမျှ ကိုယ့်အပိုင်ဖြစ်ရစေချင်တာ လောဘစိတ်လို့ခေါ်နိုင်မတဲ့လား။ဒါဟာ ချစ်ခြင်းတရားရဲ့နက်ရှိုင်းတဲ့အမှတ်လက္ခဏာပါလို့ဆိုခဲ့လျှင် ငရဲသနင်း ယမမင်းပင် ခွင့်လွှတ်နားလည်ပေးနိုင်လိမ့်မယ် ထင်ပါရဲ့။
💙💙💙