12

37 1 0
                                    

ဘယ်ကမ္ဘာမှာ ပန်းတွေဘယ်လောက်ပွင့်ပွင့်
ကိုယ့်ကမ္ဘာမှာတော့ သူ့အချစ်ပန်းလေးတစ်ပွင့်သာပွင့်စေချင်ခဲ့မိပါတယ်။

ဆန္ဒဆိုတာ အတောမသတ်နိုင်တဲ့သဘောရှိသတဲ့
ကိုယ့်အတွက်တော့ လိုအပ်မှုနဲ့လိုချင်မှုဟာ တစ်ခုတည်း အဲဒါကလဲ မင်းပါပဲ။

လလေးလဲသာတယ် အချစ်ရယ်
ကြယ်တွေလဲ လင်းလက်နေတယ်
ဘယ်ပြေးပြေးမလွတ်နိုင်တဲ့စက်ကွင်းဟာ
ကောင်းကင်ကြီးနဲ့တူလှပေတယ်
မင်းဆိုတဲ့အတွေးတွေဟာ
ဘယ်မှာအဆုံးသတ်နိုင်ပါတော့မလဲ။

သတိရစိတ်ကိုကြိုးနဲ့ချည် အလွမ်းတွေသီလို့
သုံးဆယ့်ခြောက်မိုင်သော အကွာအဝေးကနေ
မေတ္တာဓာတ်လေး မင်းဆီပို့မယ်
အချစ်ရေ... မင်းဘေးရန်ကင်းပါစေကွယ်။

ရယ်စရာလေးတွေ မျှဝေကြမယ်
ပျော်စရာလေးလဲ ဝေမျှရင်းကွယ်
နေ့ရက်တိုင်းမှာရယ်မောပျော်ရွှင်စေချင်ခဲ့တာကလဲကိုယ့်မေတ္တာတရားတွေပါပဲ။

ချစ်တဲ့စကားလေးသဲ့သဲ့ပြောမယ်
ချစ်တဲ့အကြောင်းလဲ ဖွဲ့နွဲ့ဦးမယ်
နှလုံးသားနဲ့လက်ခံလို့ နှလုံးသားနဲ့ကြားနာတဲ့အခါ အချစ်ဟာများစွာနစ်ဝင်မိခဲ့ကြောင်း
မင်းသိစေ မြင်စေ ခံစားနိုင်ပါစေ အချစ်ရေ။

#for her🌹

22.5.2024(Wed)

made by heartWhere stories live. Discover now