လေတဖြူးဖြူးနဲ့ နွေဦးဟာ အလွမ်းဓာတ်တွေဆောင်ကြဥ်းလာနေကျပါပဲ။ဥသြသံစာစာလေးဟာ ရင်ဘတ်ကို ဟာတာတာဖြစ်စေရုံမက ဝေ့ဝဲလာတဲ့ သစ်ရွက်လေးမြေပေါ်အကျ ကိုယ့်မှာစိတ်နှလုံးတွေလည်းနွမ်းလျ။
နွေဟာမေတ္တာသက်ဝင်နေသူအဖို့ နှစ်နှစ်ကာကာလွမ်းရပါသတဲ့။ခြောက်သွေ့မှုတွေ ကြီးစိုးထားတဲ့နွေမှာ တစ်ခေါက်တွေ့နိုင်ဖို့လေး တီးတိုးမျှော်လင့်မိသူမို့ မှောက်အိပ်လည်းမပြေခဲ့တဲ့အလွမ်းတွေကို အလွမ်းခံနာမ်စားလေးဆီ မေတ္တာစာလေး ရေးလို့ပါးချင်မိပြန်တယ်။
အကယ်၍များလေ စီကုံးခဲ့တဲ့ စာလုံးလေးတွေရဲ့အနက်မှာ မေတ္တာသက်ဝင်မှုတွေကို ပုံဖော်ပြနိုင်စွမ်း အားနည်းခဲ့သည်ရှိသော် တိတ်တိတ်လေးလွမ်းနေမိခဲ့ကြောင်း ဖွင့်ဟဝန်မခံရဲတဲ့အခါ နွေဦးမှာလေရူးတွေကျီစယ်လို့များ ခန်းစီးစလေးလူးလွန့်သွားရင်လေ လွမ်းနေတာကို သူတစ်ယောက်သိပါစေ...။
21.3.2024(Thu)